အမြို့မြို့အနယ်နယ်သတင်းများ

Sep 08,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ကြာအင်းကျေးရွာ ကြာအင်းဘုန်းတော်ကြီးကျောင်း၌ ဒီဇင်ဘာလ (၂၂)ရက်နေ့တွင်ကျရောက်မည့် ကရင်အမျိုးသားနှစ်သစ်ကူး နေ့ထူးနေ့မြတ်ကို ပြီးပြည့်စုံစွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ကပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 08,2022
ရပ်ကွက်နေပြည်သူများ၏ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် ဆန်၊ ဆီနှင့် အခြေခံ စားသောက်ကုန်ပစ္စည်းများအား စျေးနှုန်းသက်သာစွာဖြင့်ရောင်းချပေးခြင်းကို ယမန်နေ့ နံနက်(၈)နာရီအချိန် က ပုသိမ်​မြို့၊ အမှတ် (၆) ရပ်ကွက်၊ ကုသိနာရုံဓမ္မဗိမာန်တော်တွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Sep 08,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ရှားပင်ကျေးရွာမှ တောင်သူအများစုသည် စိုက်ပျိုးရေးလုပ်ကိုင်ရာတွင် မိုးရေနှင့်မြေ အောက်ရေကိုအဓိကထား စိုက်ပျိုးလုပ်ကိုင်ရသောကြောင့် မိုးရာသီတွင် ပဲမြစ်နှင့်နေကြာသီးနှံများ အဓိကစိုက်ပျိုးကြပြီး ပဲမြစ်စိုက်ခင်းများ အောင်မြင်ဖြစ် ထွန်းလျက်ရှိကြောင်း သိရှိရသည်။
Sep 08,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ပြည်သူများနေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို စနစ်တကျတပ်ဆင်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ သွားလာနေထိုင်သည့် အလေ့အကျင့်ကောင်းများ ဆက်လက်လိုက်နာကျင့်သုံးစေရေးအတွက် ယနေ့နံနက် ၇ နာရီ က လူစည်ကားရာ သာယာဝတီမြို့ ရန်ကုန်-ပြည်ကားလမ်း၊ မြို့မစျေး၊ သုံးဆယ်မြို့ မီးသတ်ရုံရှေ့နှင့် မြို့မစျေး များတွင် Mask Campaign ပြုလုပ်ခဲ့သည်။
Sep 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မအားလပ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သော ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူ များ၊ ပြည်သူများ စာပေနှင့် စဉ်ဆက်မပျက်စေရေး၊ အချိန်မကုန် လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေ ငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမို မြင့်မားလာစေရေးတို့အတွက် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ် (Mobile Library Bus) ဖြင့် ယမန်နေ့ နံနက်က ပညာရေးဒီဂရီကောလိပ်နှင့် အ.ထ.က(၃) ကျောင်းများသို့ သုတရသ စာအုပ် စာစောင်မျိုးစုံ သွားရောက်ငှားရမ်း ပေးခဲ့ကြသည်။
Sep 08,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ပညာကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အမှတ်(၆) အခြေခံပညာမူလတန်းကျောင်း၌ အန္တရာယ်ရှိသော ကျောင်းဆောင်တစ်ဆောင်အားဖျက်သိမ်းပြီး (၂)ထပ်ကျောင်းဆောင်အသစ်(၁)ဆောင် ဆောက်လုပ်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
Sep 08,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းပြီး ရွှေတောင်မြို့မစျေးလမ်းနှင့် ဈေးအတွင်း ယနေ့နံနက် (၈:၀၀) နာရီကစ၍ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရေး၊ ဈေးရောင်းချသူများနှင့် ပြည်သူများ နေအိမ်မှပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်ကြရန်အတွက် နှာခေါင်းစည်း တပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 08,2022
ကချင်ပြည်နယ်အတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် စီမံကိန်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ နိုင်ငံပိုင်အခန်း ရင်းနှီးမြှုပ်နှံမှု အစီအစဉ်များ သတ်မှတ်ချိန်အမီ ရေးဆွဲ တင်ပြနိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာန ဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။