ရေတာရှည် စက်တင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင် အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမူရေးနှင့် စည်းရုံးရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ယမန်နေ့မွန်းလွဲပိုင်း က ပိတောက်ခင်ကျေးရွာနှင့် ပေါက်ချောင်းကျေးရွာတို့တွင် သွားရောက်၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆောင်ရွက်ခဲ့သည်။
ရှေဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဥက္ကာသန်း က မြို့နယ်အတွင်းရှိ ရပ်ကွက် ကျေးရွာအတွင်းလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် ကျေးရွာများအထိလာရောက်၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး တင်ပြစရာရှိသူများ၊ ဒေသလိုအပ်ချက်များကို ပွင့်လင်းစွာတင်ပြစေနိုင်ရန်၊ ဒေသခံများ၏ စကားသံများနားထောင်ပြီး လိုအပ်သည်များ ကူညီနိုင်ရန်အတွက် ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း ဒေသခံပြည်သူများ၏ လိုအပ်ချက်များအား ပွင့်လင်းစွာဆွေးနွေးပေးစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဒေသခံပြည်သူများက အခြေခံစားသောက်ကုန်များအား သက်သာသော စျေးနှုန်းဖြင့် ရောင်းချပေးရန် နိုင်ငံသားမှတ်ပုံတင်၊ ပုံစံ( ၁၀) နယ်ကျော် ကိစ္စရပ်များနှင့် စိုက်ပျိုးရေရရှိရေး နှင့် စိုက်ပျိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ သိရှိလိုသည်များအား ဆွေးနွေးတင်ပြခဲ့ရာ သက်ဆိုင်ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဖြေရှင်းညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီး ၆ လနှင့်အထက် ရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster Dose ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ရေတာရှည်(ပြန်/ဆက်)