အမြို့မြို့အနယ်နယ်သတင်းများ

Sep 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်မြို့နယ် ကိုဗစ်-၁၉ထိန်း ချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး အသိပညာပေး(Mask Campaign) ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၈နာရီခွဲ အချိန်က မြို့နယ်ပြည်သူ့ဆေးရုံရှေ့နှင့် မြို့မဈေးတို့တွင် အသိပညာပေး ဆောင်ရွက်ခဲ့သည်။
Sep 08,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန် က စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များစုပေါင်း၍ စာရေးဆရာ နတ်သျှင်(ရွှေဂူ)ရေးသားသော "အနာဂတ်ကို မျှော်တွေးပါ" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။
Sep 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ စည်းကမ်းမဲ့အမှိုက် စွန့်ပစ်မှု မရှိစေရေးနှင့် အများပြည်သူ ပူးပေါင်းပါဝင်သော အမှိုက်သိမ်း စနစ်ဖြစ်ပေါ်စေရေးအတွက် ယမန်နေ့ မွန်းလွဲပိုင်းက အ.မ.က (၂)ကျောင်းတွင် အသိပညာပေး ဟောပြောခဲ့သည်။
Sep 08,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုလေ့လာတတ်သည့် အလေ့အကျင့် ကောင်းများရရှိစေရန်၊ ​အသိပညာပေး သုတ၊ ရသစာပေများနှင့် အဆက်မပြတ်ထိတွေ့မှု ရှိစေရန် ရည်ရွယ်၍ တောင်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့်
Sep 08,2022
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဒေသခံပြည်သူများ သွားလာရေးအဆင်ပြေစေရန်အတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ငွေလုံးငွေ ရင်းခွင့်ပြုရန်ပုံငွေကျပ်(၁၂.၀၀၀)သန်းဖြင့် မြို့သစ်မြို့ ကွက်သစ်ရပ်ကွက်၊ ရွှေယင်းမာလမ်း ကတ္တရာ(Seal Coot) လောင်းခြင်းကို စက်တင်ဘာ (၁)ရက်နေ့မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Sep 08,2022
၂၀၂၂ခုနှစ် စက်တင်ဘာလ (၁၃) ရက်နေ့တွင် ကျရောက်မည့် ဒသမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ အောင်သပြေ(၃)ရပ်ကွက်ရှိ ပြန်လည်ထူထောင်ရေးစခန်း၌ ယာယီပြောင်းရွှေ့ နေထိုင်ကြသည့် တိုက်ပွဲရှောင်မိသားစုများကို ယနေ့နံနက်(၉)နာရီက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Sep 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားမြို့နယ် ဦးစီးမှုးရုံးမှ ဦးစီးအရာရှိ ဦးအောင်နိုင်ဦး နှင့် ဝန်ထမ်းများက ကျေးရွာများတွင် Door to Door စနစ်ဖြင့် အိမ်ထောင်စုစာရင်းများ ကွင်းဆင်းကောက်ယူခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။