အင်္ဂပူမြို့နယ်၊ ထန်းပင်ကန်ကျေးရွာမှ တောင်သူများနှင့် ၂၀၂၂-၂၀၂၃ မိုးစပါးအထွက်နှုန်း တိုးတက်မြင့်မားရေးနှင့် ဆောင်းသီးနှံစိုက်ပျိုးရေး နည်းပညာဆွေးနွေးပွဲပြုလုပ်

အင်္ဂပူ စက်တင်ဘာ ၈

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ထန်းပင်ကန်အုပ်စု၊ ထန်းပင်ကုန်း‌ကျေးရွာ၊ ဘုရားသုံးဆူ ဘုန်းတော်ကြီးကျောင်း၌ ယနေ့ နံနက်ပိုင်းက မြို့နယ်စိုက်ပျိုး‌ရေးဦးစီးဌာနမှ  ၂၀၂၂- ၂၀၂၃ မိုးစပါးအထွက်နှုန်း တိုးတက်မြင့်မားရေးနှင့် ဆောင်းသီးနှံ စိုက်ပျိုးရေးနည်းပညာ ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌အောင်ကျော်မိုးက အမှာစကားပြောကြားပြီး အမှတ် (၅)တပ်မတော်တန်းမြှင့်လေ့ကျင့်ရေးသင်တန်းကျောင်းမှ လုံခြုံ‌ရေးအရာရှိ ဗိုလ်မှူး ကျော်လှိုင်က နယ်မြေ အေးချမ်း သာယာရေး ဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာန မြို့နယ်ဦးစီးမှူး ဦးအောင်သော်မြင့်က မိုးစပါးစိုက်ပျိုးထားရှိမှုနှင့် ပန်းတိုင်အထွက်နှုန်း ရရှိ‌အောင် ဆောင်ရွက်ရေး၊ ဆောင်းသီးနှံ‌ နေကြာနှင့် ပဲတီစိမ်းစိုက်ပျိုးရေးတို့အား ဆွေးနွေးခဲ့ပြီး စိုက်ပျိုး‌ရေရရှိရေး ဆောင်ရွက်ရန်ကိစ္စများ၊ စိုက်ဘဏ်ချေးငွေများ ပေးဆပ်ရန်နှင့် မိုးဘဏ်ချေးငွေ ထုတ်ချေးရန်ကိစ္စများ၊ သမချေးငွေများ ပေးဆပ်ရန်ကိစ္စရပ်များအား သက်ဆိုင်ရာဌာနများမှ ဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက် လာသော တောင်သူများ၏ မေးမြန်းချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့ ကြသည်။

အဆိုပါ ဆွေးနွေးပွဲသို့ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌အောင်ကျော်မိုး၊ အမှတ် (၅) တပ်မတော် တန်းမြှင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှ လုံခြုံ‌ရေးအရာရှိ ဗိုလ်မှူး ကျော်လှိုင်၊ မြို့နယ်စိုက်တိုးမြှင့် အဖွဲ့ဝင် ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။      

မန်းကျော်(ပြန်/ဆက်)