ညောင်တုန်း စက်တင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်မြို့နယ် ကိုဗစ်-၁၉ထိန်း ချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး အသိပညာပေး(Mask Campaign) ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၈နာရီခွဲ အချိန်က မြို့နယ်ပြည်သူ့ဆေးရုံရှေ့နှင့် မြို့မဈေးတို့တွင် အသိပညာပေး ဆောင်ရွက်ခဲ့သည်။
ထိုသို့အသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦး စီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ မြို့နယ်မီးသတ် တပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့က ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျော့နည်းစေရေး ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကာကွယ်ရေးနည်းလမ်းများနှင့် အညီနေထိုင်ကြရန် အသိပညာပေးပြီး နှာခေါင်းစည်း(Mask)များကို အခမဲ့ဖြန့်ဝေပေး ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)