အမြို့မြို့အနယ်နယ်သတင်းများ

Sep 08,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီက ပုလောမြို့နယ် Community Centre ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
Sep 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း(ပုံစံ-၆၆/၆)များအား Software Program ဖြင့် ထည့်သွင်းဆောင်ရွက်နေမှုလုပ်ငန်းအား လျာထားချက် အတိုင်း အချိန်မီပြီးစီးရေးကို နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Sep 08,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်ရှိ အသက် ၈၅နှစ်နှင့်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉နာရီခွဲအချိန်က ညောင်ဦးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ပွဲကျင်းပခဲ့ကြောင်း သိရသည်။
Sep 08,2022
မွန်ပြည်နယ် ပေါင်မြို့နယ်၌ ကမ္ဘာ့ရှေ့ဦးပြုစု​ခြင်းနေ့ အထိမ်းအမှတ်အကြောင်းသိကောင်းစရာ  အသိပညာပေး (Talk Show) ကျင်းပ ပြုလုပ်ခြင်းကို​ ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 08,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် ရပ်ရွာအခြေပြု လူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းဖွင့်ပွဲ အခမ်းအနားကို
Sep 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ အခြေခံလူတန်းစား အိမ်ထောင်စုများ စားသောက်မှုကုန်ကျစရိတ် တစ်ဖက်တစ်လမ်းမှ အဆင်ပြေသက်သာစေရေး အတွက် စက်တင်ဘာလ ၄ ရက် နေ့မှစ၍ ဆန်၊ ဆီ၊ဆား ၊ ကြက်ဥနှင့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
Sep 08,2022
လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်အရ မော်လမြိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ယု ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ (၂၁)ဌာနပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ယနေ့နံနက်ပိုင်းနှင့်‌နေ့လည်ပိုင်းတို့တွင် မော်လမြိုင်မြို့နယ်၊ ရိုးဂိုးကျေးရွာနှင့် ဖားအောက်ကျေးရွာများသို့ ကွင်းဆင်း၍ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၊ ကျေးရွာနေ ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
Sep 08,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှ ကြီးမှူးကျင်းပသော (၅/၂၀၂၂) ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဆင်းပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီက ​အ.ထ.က(စံရွေး)ကျောင်းခန်းမ၌  ကျင်းပပြုလုပ်သည်။ အဆိုပါ သင်တန်းကို စက်တင်ဘာလ ၅ရက်မှ ၇ ရက်ထိ ၃ ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ (၆၀)ဦး