အမြို့မြို့အနယ်နယ်သတင်းများ

Sep 08,2022
မွန်ပြည်နယ် ပေါင်မြို့နယ်၌ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show) ကျင်းပပြုလုပ်ခြင်းကို ယမန်နေ့ ညနေက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 08,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ယမန်နေ့ နံနက်ပိုင်းမှ နေ့လယ်ပိုင်းအထိ မွေးကင်းစမှ အသက်၁နှစ်ခွဲ ကလေးငယ်များအား ပုံမှန်ထိုးပေးနေကြဖြစ်သည့် တိုးချဲ့ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေးများ ထိုးနှံပေးရာ လာရောက်ထိုးနှံသူ များပြားခဲ့ကြောင်း သိရသည်။
Sep 08,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် စက်တင်ဘာ ၈ ရက်၊ ယနေ့နံနက် ၁၀ နာရီက  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့နယ် ပေတောကျေးရွာသို့ သွားရောက်ပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
Sep 08,2022
မွန်ပြည်နယ်၊ ကျိုက်ထိုမြိုနယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စက်တင်ဘာ(၈) ရက်နေ့၊ နံနက် (၉)နာရီက နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 08,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့အင်္ဂါရပ်နှင့်အညီ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်  ရေမြောင်းများ တူးဖော်ခြင်း၊ အများပြည်သူသွားလာမှုလွယ်ကူအဆင်ပြေစေရေးအတွက် လမ်းနှင့် တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာ ရေးနှစ်၊ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် မြို့အဝင်ပန်းခြံခြံစည်းရိုးကာရန်ခြင်းလုပ်ငန်းကို ဇွန်လပထမ ပတ်မှစ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာမှ ယခုအချိန်တွင် ရာနှုန်းပြည့်ဆောင်ရွက် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။     
Sep 08,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ယမန်နေ့နံနက် (၀၉:၀၀) အချိန် က အမှတ် (၁၄) ရပ်ကွက် မိုးကောင်းဘုရားလမ်း၊ မိုးကောင်းဆုတောင်းပြည့် စေတီတော်ဝန်းအတွင်းရှိ သာသနာ့ဗိမာန်တော်ကြီးတွင် ကိုဗစ် -၁၉ ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Sep 08,2022
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တည်ဆောက်ရေးလုပ်ငန်းများအတွက် တင်ဒါစနစ်ဖြင့် ဝယ်ယူသည့်ပစ္စည်းများကို အရည်အသွေးစစ်ဆေးရေးနှင့်လက်ခံရေးကော်မတီမှ စစ်ဆေးလက်ခံခြင်းကို ယမန်နေ့ နံနက်(၁၁)နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးရှေ့၌ ဆောင်ရွက်ခဲ့သည်။
Sep 08,2022
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် သင်္ဃန်းကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများမှ ပြည်သူများဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ယနေ့နံနက် ၈ နာရီအချိန်မှစတင်၍ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်ရပ်ကွက်၊ ဦးဘဟန်လမ်းတွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီနှင့် ကြက်ဥများကို စျေးနှုန်းချိုသာစွာဖြင့် လာ‌ရောက်ရောင်းချပေးလျက်ရှိရာ ကြက်ဥ(၁) လုံးလျှင်(၁၇၅)ကျပ်၊ ဆန်(၁)ပြည်(၁၅၈၅)ကျပ်၊ ဆီတစ်ပိသာ(၅၃၀၀)ကျပ်နှုန်းဖြင့် တစ်အိမ်ထောင်လျှင် ဆန် တစ်ပြည်၊ ဆီ ၂၅ကျပ်သား၊ ကြက်ဥ ၁၀လုံးနှုန်းဖြင့် စျေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။