မြောင်းမြမြို့နယ်၌   နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် စစ်ကြောင်းကြီး ၅ ကြောင်းဖြင့် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆောင်ရွက်

မြောင်းမြ စက်တင်ဘာ  ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊  မြောင်းမြမြို့နယ်၌ မြို့နယ်အတွင်းရှိ ပြည်သူများ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေး ချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၁၁)နာရီက ရွာသာကြီးကျေးရွာအုပ်စုနှင့် စကမြားကျေးရွာအုပ်စုတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနော်မိုင်လှကြည်က ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊  ဒေသဖွံ့ဖြိုးရေး စသည့် ရည်ရွယ်ချက်များဖြင့် ​ပြည်သူများနှင့်တွေ့ဆုံ၍ လိုအပ်ချက်များကို ဖြေရှင်းဆောင်ရွက်ပေးရန် ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားပြီး​နောက် မြို့နယ်စီမံ အုပ်ချုပ်​ရေးအဖွဲ့ဝင်များနှင့် သက်ဆိုင် ရာမြို့နယ်အဆင့်ဌာနဆိုင်ရာများဖြစ်သည့် ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မြေစာရင်း၊ တိ/မွေးကု၊ စီမံကိန်း၊ သမဝါယမ၊ လျှပ်စစ်၊ အခွန်၊​​ ပြန်/ဆက် ဦးစီးဌာနများက ရပ်ရွာအေးချမ်းသာယာရေး၊ နယ်မြေလုံခြုံရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး၊ နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုဇယား ဆောင်ရွက်မှုဆိုင်ရာများ၊ မှုခင်းကျဆင်းရေး၊ နွေစပါး၊ မိုးစပါးနှင့် ဆောင်းသီးနှံ၊ ပြည်တွင်းဆီဖူလုံရေးအတွက် နေကြာအထွက်နှုန်းတိုးအောင် စိုက်ပျိုးရေး၊ လယ်ယာ မြေစီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စ ရပ်များ၊ မြေအသုံးပြုမှု၊ မြေပိုင်ဆိုင်မှုများနှင့် ပတ်သက်၍ လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များ အကြောင်း၊ ငါးလုပ်ငန်း၊ စာဖတ်ရှိန်​မြင့်မားရေး၊ စာ​ကြည့်တိုက်များ ရှင်သန်ခိုင်မာရေးနှင့် စာအုပ်များလှူဒါန်းခြင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဆောင်ရွက်မှုများကို ကဏ္ဍအလိုက် ဆွေးနွေး၍ တက်ရောက်လာသည့် ပြည်သူများက သိလိုသည်များကို မေးမြန်းရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင် းလင်းဖြေကြားပြီး လိုအပ်သည်များကို ဖြေရှင်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။ အဆိုပါကျေးလက်နေပြည်သူများနှင့်တွေ့ဆုံပွဲတွင် ကျေးလက်နေပြည်သူ (၄၆၅) ဦးနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

မြောင်းမြခရိုင်ပြန်/ဆက်