ခရမ်း စက်တင်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ပြည်သူများ အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်ရည်ရွယ်ကာ ယနေ့နံနက် ၉ နာရီက ခရမ်းမြို့နယ်၊ အမှတ် ( ၉ )ရပ်ကွက် စီမံအုပ်ချုပ်ရေးကောင်စီရုံးတွင် အခြေခံလက်လုပ် လက်စား ရပ်ကွက်နေ ပြည်သူများအား အခြေခံစားသောက်ကုန်များကို လက်ဝယ်အရောက် ရောင်းချေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ရောင်းချရာတွင် ဆန်တစ်ပြည်လျှင် ၁၆၀၀ ကျပ်၊ စားဆီ တစ်ပိသာလျှင် ၅၃၀၀ ကျပ်၊ ကြက်ဥတစ်လုံးလျှင် ၁၇၅ ကျပ်နှုန်းဖြင့် အိမ်ထောင်စုတစ်စုလျှင် ဆန် ၂ ပြည်၊ ဆီ ၅၀ ကျပ်သားနှင့် ကြက်ဥ ၁၀ လုံးစီတို့အား သက်သာသောဈေးနှုန်းဖြင့် အိမ်ထောင်စု (၂၀၀) စုအားရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ရောင်းချခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ရဲမှ ကြီးကြပ်၍ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ရောင်းချပေးခဲ့ကြောင်း သိရသည်။
ကိုမင်း (ခရမ်း)