သထုံမြို့နယ်တွင် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပ

သထုံ စက်တင်ဘာ ၁၁

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် ကြက်ခြေနီ အသင်းခွဲတို့ပူးပေါင်း၍ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ (Talk Show) အစီအစဉ်ကို ယမန်နေ့ မွန်းလွဲပိုင်းက သထုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထု အခြေပြုဗဟိုဌာနခန်းမ၌ အွန်လိုင်းမှတစ်ဆင့် ရိုက်ကူး ထုတ်လွှင့်ခဲ့သည်။

ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်နုက Talk Show အစီအစဉ် ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီ သူနာပြုတပ်ခွဲမှူး ဦးကျော်ဇေယျာဝင်းက ရှေးဦးပြုစုခြင်း၏ အဓိပ္ပာယ်နှင့် ရည်ရွယ်ချက်၊ ရှေးဦးပြုစုခြင်း လုပ်ငန်း ဖြစ်ပေါ်လာသည့် သမိုင်းကြောင်း၊ ရှေးဦးပြုစုခြင်း အခြေခံနည်ပညာများနှင့် အကျိုးကျေးဇူးများ၊ ယခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်း နေ့၏ ဆောင်ပုဒ်၊ ရှေးဦးပြုစုခြင်းလိုအပ်သူများအတွက် ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များ စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

သထုံခရိုင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များ ရိုက်ကူးထုတ်လွှင့်ခြင်း အပါအဝင် ပြည်သူအသိပညာပေး ဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ်ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်‌ လျက်ရှိကြောင်း သိရသည်။

နဒီ(ပြန်/ဆက်)