ကြံခင်း စက်တင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ဘက်ရဲမြို့နေ ပြည်သူများ ကိုဗစ်-၁၉ မျိုးရိုး ဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask) တပ်ဆင် သွားလာရေး အသိပညာပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက လူစည်ကားရာ ဘက်ရဲမြို့ဈေးနှင့် တာကြီးတန်း လမ်းတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးခြင်းကို ဘက်ရဲမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့တို့မှ တာဝန်ရှိသူများက ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်ထိန်းချုပ်ရန် ပြည်သူများ နေအိမ်အပြင်ထွက်ပါက မဖြစ်မနေ (Mask) စနစ်တကျတပ်ဆင်သွားလာကြရန်၊ အပြင်က ပြန်လာ ပါက လက်ကိုစက္ကန့်(၂၀)ကြာ စနစ်တကျ ဆေးကြောကြရန် စတဲ့ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်အား အလေးထားလိုက်နာရန် အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းနှင့် နှာခေါင်းစည်း(Mask)အခု (၁၀၀၀)(အခမဲ့)ကို ဖြန့်ဝေပေးကြောင်း သိရသည်။
ထို့နောက် ဘက်ရဲမြို့အတွင်းရှိ စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်များတွင် လက်ဆေးဘေစင်နှင့် လက်သန့်ဆေး ထားရှိခြင်း စတဲ့ကျန်းမာရေးဝန်ကြီးဌာန၏ လိုက်နာရမည့် အချက်အား ဆောင်ရွက်ထားခြင်းကို ကြည့်ရှုပြီး ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)