ရွှေတောင်မြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကျင်းပ

ရွှေတောင် စက်တင်ဘာ ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့ နံနက် (၉)နာရီက ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ မြို့နယ်အဆင့်  ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် "အကျွန့်ဆရာ" ခေါင်းစဉ်ဖြင့် အထက်တန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၉) ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ကဗျာပြိုင်ပွဲတွင် "ဘဝလမ်းညွှန်ဆရာမွန်" ခေါင်းစဉ်ဖြင့်  အထက်တန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၇) ဦးဝင်ရောက်ယှဉ်ပြိုင် ဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)