ကမမောင်းမြို့၌ ဝါကော်ကျေး ကျေးရွာအုပ်စုတွင် "ပန်းခင်းစီမံချက်” ဖြင့် အိမ်ထောင်စု (၁၆)စုအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ကမမောင်း  စက်တင်ဘာ  ၁၁

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊  ကမမောင်းမြို့တွင် "လူမှုဘဝပြည့်စုံဖို့             နိုင်ငံသားကတ်ကိုကိုင်ကြစို့" "ပန်းခင်းစီမံချက်" ဖြင့် အိမ်ထောင်စု(၁၆)စုအတွက်     နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့နေ့လည်ပိုင်း က ကမမောင်းမြို့ ဝါကော်ကျေးကျေးရွာအုပ်စုရှိ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံ၌ ကွင်းဆင်း ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းပြုလုပ်ပေးရာတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအေးမင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဝါကော်ကျေးကျေးရွာအုပ်စုရှိ အိမ်ထောင်စု (၁၆)စုမှ အသက်(၁၈) နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသူ၊ ပျောက်ဆုံး/ပျက်ဆီးသော ပြည်သူများကို "ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေစစ်ရေးကတ်ပြားများကို နေ့ချင်းပြီးပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

တင်တင်လှ(ပြန်/ဆက်)