ကန့်ဘလူ စက်တင်ဘာ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပိုစတာ၊ ပန်းချီပြိုင်ပွဲများကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပသည်။
အဆိုပါပြိုင်ပွဲများတွင် စာစီစာကုံးပြိုင်ပွဲ၌ အထက်တန်းဆင့် ကျောင်းသားကျောင်းသူ ၅၁ ဦး၊ အလယ်တန်းဆင့် ကျောင်းသားကျောင်းသူ ၅၀ ဦး၊ မူလတန်းဆင့် ကျောင်းသားကျောင်းသူ ၈ ဦး၊ ကဗျာပြိုင်ပွဲတွင် အထက်တန်းဆင့် ၁၂ ဦး၊ အလယ်တန်းဆင့် ၁၃ ဦး၊ ပိုစတာပြိုင်ပွဲတွင် အထက်တန်းဆင့် ၈ ဦး၊ ပန်းချီပြိုင်ပွဲတွင် အထက်တန်းဆင့် ၁၅ ဦး၊ အလယ်တန်းဆင့် ၂၂ ဦး၊ မူလတန်းဆင့်တွင် ၈၂ ဦး စုစုပေါင်း ၂၆၁ ဦးတို့က “နိုင်ငံတကာစာတတ်မြောက်ရေးနေ့” ခေါင်းစဉ်ဖြင့် အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)