အမြို့မြို့အနယ်နယ်သတင်းများ

Sep 26,2022
မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ‌ဒေသခံပြည်သူများ၊ ဆရာ/မများနှင့် ကျောင်းသား/သူများ စုပေါင်း၍  ပတ်ဝန်းကျင်စိမ်းလန်း စိုပြေပြီး သန့်ရှင်းသာယာလှပ စေရန်ရည်ရွယ်ချက်များဖြင့် အပတ်စဉ် ‌စနေနေ့တိုင်း စုပေါင်းသန့် ရှင်းရေးများဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ထန်းတောကျေးရွာ အုပ်စုရှိ ထန်းတော အ.လ.က ကျောင်း၌ စုပေါင်းသန့်ရှင်းရေးများဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Sep 26,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဒေသနေပြည်သူများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာပေဗဟုသုတများရရှိစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ Mobile စနစ်ဖြင့် စာအုပ်များသွားရောက် ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အခြေခံပညာမူလတန်းကျောင်းတွင် သွားရောက်ငှားရမ်းပေးခဲ့သည်။
Sep 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်း တရားဥပ​ဒေစိုးမိုး​ရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေး၊ ဒေသဖွံ့ဖြိုး​ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါသော စစ်ကြောင်းကြီး (၅)​ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်က ဒိုးတန်း အုပ်စု၊ ဒိုးတန်းကျေးရွာ၊ နန္ဒဝန်ဘုန်းတော်ကြီး ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Sep 26,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ မူလတန်းအဆင့် (KG မှ Grade-5) ကျောင်းသား၊ ကျောင်းသူ(၅၁၂)ဦးအား ကျန်းမာရေးအသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၀) နာရီအချိန်က  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 26,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများ လိုက်နာခြင်း ရှိ၊ မရှိကို ယနေ့တွင် မြို့နယ် စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများက ရှောင်တခင်စစ်ဆေးခဲ့ကြောင်း သိရသည်။
Sep 26,2022
၂၀၂၂ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့၌ ကျရောက်မည့် (၅၈)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင် ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ ခရိုင်ရဲတပ်ဖွဲ့ဝင်များ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များမှ လူမှုရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းအချိန်က အမှတ်(၁)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ မြို့နယ်ပြည်သူ့ဆေးရုံ၌ပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 26,2022
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် တောင်သူများသို့ ယူရီးယားဓါတ်မြေဩဇာများ ရောင်းချပေးခြင်းနှင့် ဆောင်းနေကြာမျိုးစေ့ပေးအပ်ပွဲအခမ်းအနားကို ကြို့ပင်ကောက်မြို့ မြို့လယ်ချောင်းတောင်သူ ပညာပေးစခန်းတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
Sep 26,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရန်ကင်းမြို့နယ်အတွင်းရှိ စျေးများအတွင်း လက်ကိုင်အသံချဲ့စက်ဖြင့် ကိုဗစ်-၁၉ ဆိုင်ရာ သတိပေးနှိုးဆော်ခြင်းကို  ယမန်နေ့ နံနက် ၉:၀၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။