အမြို့မြို့အနယ်နယ်သတင်းများ

Sep 26,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၊ တာမောင်ကျေးရွာအုပ်စု၊ တာမောင်ကျေးရွာ ကျေးလက် V.D.C ခန်းမ၌ ယနေ့နံနက်(၉)နာရီအချိန်က ထန်ပါခွေမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ နေကြာ(၁)ဧက ပန်းတိုင်အထက်ထွက်ရှိရေး တောင်သူနည်းပညာပေး သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Sep 26,2022
ချင်းပြည်နယ်၊ တွန်းဇံမြို့၌ အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်မည့် (၅၈)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့‌နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စက်တင်ဘာ ၂၄ ရက်နေ့ နံနက်(၁၀) နာရီအချိန်က ခေါဝုန်လေးဆန်ရပ်ကွက်ရှိ မြို့နယ်ဘောလုံးအားကစားကွင်း ပရဝဏ်အတွင်း၌ စုပေါင်း သန့်ရှင်းရေး ပြည်သူ့အကျိုးပြုလုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 26,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ရာသီပေါ် ငှက်စွတ်မှို (ခေါ်) မှိုငှက်စို နှုတ်ယူရောင်းချသူများ မှို ၁၀ ကျပ်သားကို ငွေကျပ် ၁၅၀၀ နှုန်းဖြင့် ရောင်းချနေရပြီး ဈေးကောင်းရလို့ အဆင်ပြေလျက်ရှိကြောင်း မှိုရောင်းချသူများထံမှ သိရသည်။
Sep 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အပါအဝင် ဌာနဆိုင်ရာများနှင့် ပူးပေါင်းကာ ယမန်နေ့ နေ့လယ်(၂)နာရီအချိန်၌ မြို့နယ်တွင်းရှိ စင်တင်တေး ဂီတဆိုင်နှင့် ကာရာအိုကေဆိုင်(၇) ဆိုင်အား မီးဘေးလုံခြုံရေး ဆိုင်ရာများ စစ်ဆေး ကြပ်မတ်ခဲ့ကြသည်။
Sep 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် (၈)ခရိုင် အမျိုးသမီးဘောလုံး အားကစားသမား အသက်(၁၈)နှစ်နှင့်အောက်၊ အသက်(၂၅)နှစ်နှင့်အောက် လူတွေ့စိစစ်‌ရွေးချယ်ပွဲကို ယနေ့ ယမန်နေ့ ညနေ ၃ နာရီအချိန်က မြို့နယ်အားကစား ဘောလုံးကွင်း၌ ကျင်းပကြသည်။
Sep 26,2022
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးနိုင်လင်းထက်က ကြီးကြပ်၍ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍
Sep 26,2022
ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ‌ရောဂါပိုး အိုမီခရွန်နှင့် ၎င်း၏မျိုးစိတ်အသစ်များကို ကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ရောဂါကာကွယ် ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေး လုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေး နှိုးဆော်ခြင်းကို ယနေ့နံနက် ၁၁ နာရီက မြောက်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။