Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မိုင်းပျဉ်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးအတွက် ကျေးရွာများအရောက်ကွင်းဆင်း၍ ဟောပြာပွဲ ဆွေးနွေး ကျင်းပပြုလုပ်
Sep 26,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများစုပေါင်း၍ ဒေသဖွံ့ဖြိုးရေးအတွက် ကျေးရွာများ အရောက် ကွင်းဆင်းဟောပြောဆွေးနွေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ဟောင်ကန် ကျေးရွာအုပ်စု၊ ဝမ်ယမ်း ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့၌ အခြေခံပညာမူလတန်းအဆင့် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် စာဖတ်စွမ်းရည် ပြိုင်ပွဲကျင်းပ
Sep 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ရုံး Community Centre ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ စာဖတိရှိန်မြှင့်တင်ရေး၊ လူငယ်များစာပေဖတ်ရှုမှု အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် စာလုံးပေါင်းသတ်ပုံ မှန်ကန်မှုရှိစေရန် ရည်ရွယ်၍ အခြေခံပညာမူလတန်းအဆင့် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတုံမြို့မဈေးကြီး၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နှာခေါင်းစည်း အခမဲ့ဖြန့်ဝေ
Sep 26,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်း အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၉ နာရီက ကျိုင်းတုံမြို့မဈေးကြီးနှင့် နာရီစင်ရှေ့တွင် တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းခင်းစီမံချက်(၂)အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Sep 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် အမှတ်(၁၉)ရပ်ကွက်အတွင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူ၊ ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဇော်လွင်နှင့် ဝန်ထမ်းများသည် "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၂)အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၉)နာရီအချိန်က ဖျာပုံမြို့အမှတ် (၁၉)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
လူထုအခြေပြုဗဟိုဌာန (Community Centre) တောင်ကြီးတွင် စာဖတ်ဝိုင်းကျင်းပ
Sep 26,2022
စာအုပ်စာပေများဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့်အတွေးအမြင် ဗဟုသုတများကို စာဖတ်သူအချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် တောင်ကြီးမြို့နယ် စာရေးဆရာများနှင့် စာပေဝါသနာရှင်များက ယမန်နေ့ နေ့လည် (၁၂)နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန တောင်ကြီးခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ပြည်သူ့ စာကြည့်တိုက်အတွင်း၌ စာဖတ်ဝိုင်းကျင်းပဆွေးနွေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (၄၃၁၃၆၂)ဦးထိုးနှံပြီးဖြစ်
Sep 26,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါနှင့် မျိုးရိုးဗီဇပြောင်းအိုမီခရွန်ရောဂါပိုးများ ကူးစက်မှုမရှိစေရေး အသိ ပညာပေးနှိုးဆော်ခြင်း၊ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းများနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများထိုးပေးခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲ (၁)နာရီက ကိုဗစ်-၁၉ကာကွယ်ဆေး (၄၃၁၃၆၂)ဦး ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး အသိပညာပေး လှုပ်ရှားမှုအနေဖြင့် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေ
Sep 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့ပေါ်လူစည်ကားရာနေရာများ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရန် Mask တပ်ဆင်ထားခြင်းမရှိသူ လမ်းသွားလမ်းလာပြည်သူများအား မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက Mask Campaign ပြုလုပ်၍ Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက်(၈)နာရီအချိန်က ဖျာပုံမြို့ အမှတ် (၁၂) ရပ်ကွက် မာလာမြိုင်လမ်းနှင့် (၅)လမ်း လူစည်ကားရာနေရာများ၌ ပြုလုပ်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဒေါ်ညိမ်းကျေးရွာတွင် ပြည်သူများ သက်သာသောစျေးနှုန်းဖြင့် အိမ်ထောင်စု (၁၀၀)အား ဘော့ချိတ်ပုစွန်ပိဿာ (၅၀)ရောင်းချပေး
Sep 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနနှင့် ဖျာပုံခရိုင် ငါးလုပ်ငန်းဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် အမာမြို့ ငါးလုပ်ငန်းဦးစီးဌာနနှင့် အင်းသားကြီးများ ပူးပေါင်း၍ ဒေါ်ညိမ်းကျေးရွာအတွင်းရှိ ပြည်သူများ စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်စေရန် ရည်ရွယ်၍ ပြည်သူများ သက်သာသောစျေးနှုန်းဖြင့် ဘော့ချိတ်ပုစွန်ပိဿာ (၅၀)အား ရောင်းချပေးခြင်းကို စက်တင်ဘာလ (၂၆)ရက်နေ့ နံနက်(၇)နာရီခွဲအချိန်က ဒေါ်ညိမ်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
15796
Page
15797
Page
15798
Page
15799
Current page
15800
Page
15801
Page
15802
Page
15803
Page
15804
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department