Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
သထုံမြို့နယ်တွင် ယခုနှစ် ရာဘာရာသီစတင်ချိန် ခြံဖွင့်ဈေး ယခင်နှစ်ကထက် ဈေးကောင်းပိုရ
Sep 26,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ယခုနှစ် ခြံဖွင့်ရာသီစတင်ချိန်၌ ရာဘာဈေးနှုန်းပေါက်ဈေးမှာ ပြီးခဲ့သည့်နှစ် ခြံဖွင့်ရာသီကထက် ဈေးပိုရကြောင်း ဒေသတွင်းရာဘာစိုက် တောင်သူများထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဂန့်ဂေါမြို့၌ ကိုဗစ်-၁၉ အိုမီခရွန်မျိုးကွဲ B.4, B.5 ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေး အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်
Sep 26,2022
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၌ မြို့နယ်ကိုဗစ်-၁၉ ကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ ယနေ့နံနက် ၈ နာရီက မြို့ပေါ်(၄)ရပ်ကွက်၌ ပြည်သူများအား ကိုဗစ်-၁၉ အိုမီခရွန်မျိုးကွဲ B.4, B.5 ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေး အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကန့်ဘလူမြို့၌ စျေးနှုန်းချိုသာစွာဖြင့် အခြေခံစားသောက်ကုန်များအား ရောင်းချပေး
Sep 26,2022
ပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် အခြေခံစားသောက် ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှုဖြင့် အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိရာ ကန့်ဘလူမြို့နယ် စည်ပင်သာယာခန်းမ၌ ယနေ့ နံနက် ၇ နာရီက စတင်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာယာဝတီမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုနှင့် Mask Campaign ပြုလုပ်ခြင်းများ ဆောင်ရွက်
Sep 26,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်အတွင်းရှိ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုနှင့် Mask Campaign ပြုလုပ်ခြင်းများကို နေ့စဉ်စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မုဒုံမြို့၌ လူမှုကယ်ဆယ်ရေးအဖွဲ့များထံသို့ တစ်ကိုယ်ရည်ကာကွယ်ရေးဝတ်စုံများ ပေးအပ် လှူဒါန်း
Sep 26,2022
မြန်မာနိုင်ငံကြက်ခြေနီအသင်း မွန်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ မုဒုံမြို့နယ်အတွင်းရှိ လူမှုကယ်ဆယ်ရေးအဖွဲ့များထံသို့ တစ်ကိုယ်ရည် ကာကွယ်ရေးဝတ်စုံ PPE Level (3) များ ပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့က မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
သဲကုန်းမူလတန်းကြိုကျောင်း၌ ဉာဏစွမ်းရည်ပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Sep 26,2022
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်မူလတန်းကြိုကျောင်း၌ ယနေ့နံနက် ၉ နာရီက ၂၀၂၂-၂၀၂၃ ခုနှစ် ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပရာ ရှေးဦးစွာလူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်ဦးက ပြိုင်ပွဲကျင်းပခြင်းရည်ရွယ်ချက်နှင့် အဖွင့်အမှာစကားပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
ပုသိမ်မြို့တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး
Sep 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်း သာယာရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ဇင်ပြွန်းကုန်းကျေးရွာအုပ်စု၊ ရွာသစ်ကုန်း ကျေးရွာ၊ အောင်မင်္ဂလာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မဘိမ်းမြို့၌ အသက်(၅)နှစ်မှ(၉)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Sep 26,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ အခြေခံပညာကျောင်းများမှ အသက် (၅)နှစ်မှ(၉)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က တိုက်ကုန်းရပ်ကွက်၊ အခြေခံပညာအ လယ်တန်းကျောင်းခွဲ(မ-၂)၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
15798
Page
15799
Page
15800
Page
15801
Current page
15802
Page
15803
Page
15804
Page
15805
Page
15806
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department