Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပျော်ဘွယ်မြို့နယ် Community Centre ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ အားကစားပြိုင်ပွဲငယ်နှင့် စာကားပုံဆက်ပြိုင်ပွဲကျင်းပ
Oct 03,2022
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်တွင် လာရောက်ဖတ်ရှုလေ့လာ အသုံးပြုလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်မှုရရှိစေရန်အတွက် အားကစားပြိုင်ပွဲငယ်များနှင့် စာကားပုံဆက်ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခြင်းကို ယနေ့မွန်းလွဲ (၁) နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အမှတ်(၁၆) ရပ်ကွက်နှင့် (၂၀)ရပ်ကွက်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ သွားရောက်ပေးအပ်
Oct 03,2022
ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝစွာ နေထိုင်နိုင်စေရန်ရည်ရွယ်၍ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်လျက်ရှိရာ၊ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၆)ရပ်ကွက်နှင့် (၂၀)ရပ်ကွက်တို့တွင် ယမန်နေ့ နံနက်ပိုင်းက အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က ဘိုးဘွားများလက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အရန်မီးသတ် လေ့ကျင့်ရေး(မွမ်းမံ) သင်တန်း အမှတ်စဉ်(၁/၂၀၂၂)သင်တန်းဖွင့်လှစ်
Oct 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ယနေ့ နံနက်(၉)အချိန်မှစ၍ အရန်မီးသတ်လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း အမှတ်စဉ် (၁/၂၀၂၂) သင်တန်းဖွင့်ပွဲကို မြို့နယ်မီးသတ်ဦးစီးမှူးရုံးခန်းမ၌ ကျင်းပဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
လပွတ္တာမြို့နယ် တွင်ထော်လာဂျီနှင့် မော်တော်ဆိုင်ကယ်များအားလိုင်စင် သက်တမ်း တိုးခြင်းနှင့် သင်မောင်းလိုင်စင်ပြုလုပ်ခြင်း လုပ်ငန်းများဆောင်ရွက်
Oct 03,2022
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ လပွတ္တာခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏စီစဉ်ဆောင်ရွက်မှုဖြင့် ဧရာဝတီတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနနှင့်မြို့နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကော်မတီတို့ ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် လပွတ္တာမြို့နယ်အတွင်းရှိ လိုင်စင်မဲ့ထော်လာဂျီများအား လိုင်စင်အသစ်ပြု လုပ်ပေးခြင်း၊
အပြည့်အစုံ ဖတ်ရန်
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်- ၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ပျံ့နှံ့မှု တားဆီး ကာကွယ်နိုင်ရန် နှာခေါင်းစည်း Mask Campaign ပြုလုပ်ခြင်းလုပ်ငန်းမ…
Oct 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ပျံနှံ့မှုတားဆီးကာကွယ်နိုင်ရန်အတွက် ပြည်သူများနေအိမ်မှပြင်ပသို့ ထွက်ခွာတိုင်း ပါးစပ်/နှာခေါင်းစည်း (Mask) တပ်ဆင်ပြီးသွားလာကြရန် Mask Campaign ပြုလုပ်ခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်း က အမှတ်(၆)ရပ်ကွက် ကျန်စစ်သားလမ်းနှင့် စိန်တံချူလမ်းရှိ လူစည်ကားရာနေရာများတွင် စျေးသွား၊ စျေးလာ၊ စျေးဝယ်ပြည်သူများကို နှာခေါင်းစည်းများ ဖြန့်ဝေကာ Mask Campign ပြုလုပ်၍ အသိပညာပေး ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ငပုတောမြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင် လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်လှစ်
Oct 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင် လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၉)နာရီအချိန်က မြို့နယ်မီးသတ် ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည် ။
အပြည့်အစုံ ဖတ်ရန်
လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရန်အတွက် ခြင်ဆေးမှုတ်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်
Oct 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရန်နှင့် ကိုဗစ်-၁၉ ကပ်ရောဂါ တားဆီးကာကွယ်ရန်တို့အတွက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို မြို့နယ်ဌာနဆိုင်ရာများနှင့် ရပ်ကွက်နေပြည်သူများစုပေါင်းကာ ယမန်နေ့နံနက်ပိုင်းက ရေဥက္ကံကျေးရွာ၊ အခြေခံပညာမူလတန်း အမှတ်(၁၆)ကျောင်းတွင် ခြင်ဆေးမှုတ်ခြင်းနှင့် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ရေဖြူမြို့နယ်၌ ကိုဗစ်-၁၉မျိုးကွဲသစ်အိုမီခရွန်ရောဂါ တားဆီးကာကွယ်ရေး Mask Campaignနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Oct 03,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၌ ကိုဗစ်-၁၉မျိုးကွဲသစ်အိုမီခရွန်ရောဂါ တားဆီးကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈နာရီခွဲက ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း စောင့်ကြပ်ထိန်း ချုပ်နိုင်ရေးနှင့် ကျောင်းသား/သူများနေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းများကို စနစ်တကျတပ်ဆင်သည့်အလေ့ အကျင့်ကောင်းများ ဆက်လက်လိုက်နာ ကျင့်သုံးဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသည် အ-ထ-က ရေဖြူတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
15697
Page
15698
Page
15699
Page
15700
Current page
15701
Page
15702
Page
15703
Page
15704
Page
15705
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department