အမြို့မြို့အနယ်နယ်သတင်းများ

Oct 04,2022
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းသား/ ကျောင်းသူများ အစားအစာ ဘေးကင်းလုံခြုံရေးအတွက် ကျောင်းမုန့်ဆိုင်များ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၉ နာရီကဆောင်ရွက်သည်။
Oct 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ကျုံကူကျေးရွာအုပ်စုတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဆောင်သော စိုက်ပျိုးရေးဝန်ထမ်းများက ဆီထွက်သီးနှံ(နေကြာ) စိုက်ပျိုးဧက​ပြည့်မှီရေးနှင့် စပါးဖျက်ပိုး ကာကွယ်ရေး၊ စပါးအထွက်ကောင်းစေရန် ရည်ရွယ်၍ တောင်သူပညာပေး ရက်တိုသင်တန်းကို ယမန်နေ့ နေ့နံနက်(၁၀)နာရီအချိန်က ဖျာပုံမြို့နယ် ကျုံကူကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ပြုလုပ်ဆောင်ရွက်သည်။
Oct 04,2022
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း  အိုမီခရွန် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်၍ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့၏ ကြီးကြပ်မှုဖြင့်
Oct 04,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဉီးလွင်ခရိုင်၊ ပြင်ဉီးလွင်မြို့တွင်  ပိုးစာပင်စိုက်ပျိုးရေးနှင့် ပိုးမွေးမြူရေးဆိုင်ရာ (TOT)  သင်တန်းဖွင့်ပွဲကိုယမန် နေ့နံနက် ၉နာရီခွဲအချိန်က ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၆)၊ ပိုးသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဗဟိုဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ  တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသားများတက်ရောက်ကြသည်။
Oct 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့၏ ကြီးကြပ်မှုဖြင့် အရန်မီးသတ်လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းအမှတ်စဉ်(၁/၂၀၂၂)ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ၌ လှော်ကထားနယ်မြေမီးသတ်စခန်းတွင် ကျင်းပပြု လုပ်ခဲ့သည်။
Oct 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်အတွင်းရှိ ပြည်သူများ ယာဉ်တိုက်မှု အန္တရာယ်မှ ကင်းဝေးစေရန်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများအား လိုက်နာဆောင် ရွက်ခြင်းရှိ/မရှိကို ယမန်နေ့နံနက်ပိုင်းက အင်္ဂပူမြို့၊ မြို့ဝင်စစ်ဆေးရေးဂိတ်၌စစ်ဆေးဆောင် ရွက်ခဲ့သည်။
Oct 04,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နေပြည်သူများအား ချိုသာသောဈေးနှုန်းဖြင့် အခြေခံစားသောက် ကုန်များ ဝယ်ယူရရှိရေးနှင့် ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရေး အတွက် ဌာနဆိုင်ရာဝန် ထမ်းများနှင့် ဒေသခံပြည်သူများအား အောက်တိုဘာ ၃ ရက်  နံနက်ပိုင်းက မြစ်ကြီးနားမြို့ အား/ကာတိုက်တန်းလမ်း၌ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်နယ်မိသားစုများမှ လာရောက်ရောင်းချပေးလျက်ရှိသည်။