လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရန်အတွက် ခြင်ဆေးမှုတ်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်

လှိုင်သာယာ(အရှေ့ပိုင်း) အောက်တိုဘာ  

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရန်နှင့် ကိုဗစ်-၁၉ ကပ်ရောဂါ တားဆီးကာကွယ်ရန်တို့အတွက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို မြို့နယ်ဌာနဆိုင်ရာများနှင့် ရပ်ကွက်နေပြည်သူများစုပေါင်းကာ  ယမန်နေ့နံနက်ပိုင်းက ရေဥက္ကံကျေးရွာ၊  အခြေခံပညာမူလတန်း အမှတ်(၁၆)ကျောင်းတွင် ခြင်ဆေးမှုတ်ခြင်းနှင့် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရန်နှင့် လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် ခြင်ဆေးမှုတ်ခြင်းနှင့် အဘိတ်ဆေးခပ်ခြင်းတို့ကို အပတ်စဉ်စုပေါင်း၍ အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိသည်။ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရန်အတွက် အခြေခံပညာကျောင်းပတ်ဝန်းကျင်အနီး ရေမြောင်းများလမ်းများတွင် အပတ်စဉ် အမှိုက်ကောက်ခြင်း၊ ရေမြောင်းများဆည်ယူခြင်း၊ ခြုံနွယ်မြက်များ ရှင်းလင်းခြင်း၊ ခြင်ဆေးဖျန်းခြင်း၊ အဘိတ်ဆေးခပ်ခြင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခိုင်မင်းကိုနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်နှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအထောက်အကူပြု အဖွဲ့ဝင် (၁၇၆)ဦးတို့ စုပေါင်း၍ အခြေခံပညာအထက်တန်းကျောင်းဝင်း အတွင်း၊ အပြင်တို့တွင် ခြင်ဆေးမှုတ်ခြင်းနှင့် အဘိတ်ဆေးခပ်ခြင်းတို့ကို စုပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခင်ဝင်းမူ (ပြန်/ဆက်)