အမှတ်(၁၆) ရပ်ကွက်နှင့် (၂၀)ရပ်ကွက်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ သွားရောက်ပေးအပ်

ရွှေပြည်သာ အောက်တိုဘာ

ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝစွာ နေထိုင်နိုင်စေရန်ရည်ရွယ်၍ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်လျက်ရှိရာ၊ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၆)ရပ်ကွက်နှင့် (၂၀)ရပ်ကွက်တို့တွင် ယမန်နေ့ နံနက်ပိုင်းက အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က ဘိုးဘွားများလက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးခဲ့သည်။

၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်၊ ဒုတိယ()လပတ်အတွင်း ရွှေပြည်သာမြို့နယ်တွင် ရပ်ကွက်(၂၃)ရပ်ကွက်နှင့် ကျေးရွာ ()ရွာရှိရာ လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသည့် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား (၈၂၂) ဦးရှိပြီး တစ်ဦးလျှင် ကျပ် (၃၀,၀၀၀)နှုန်းဖြင့် စုစုပေါင်းငွေကျပ် (,၄၆၆၀,၀၀၀)ကို သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူတို့က မိမိတို့၏ ရပ်ကွက်၊ ကျေးရွာများအလိုက် စက်တင်ဘာ ၂၉ ရက်နံနက်ပိုင်းမှ စတင်၍ ဘိုးဘွားများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

အေးမိုး(ပြန်/ဆက်)