ရေဖြူမြို့နယ်၌ ကိုဗစ်-၁၉မျိုးကွဲသစ်အိုမီခရွန်ရောဂါ တားဆီးကာကွယ်ရေး Mask Campaignနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရေဖြူ အောက်တိုဘာ ၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၌ ကိုဗစ်-၁၉မျိုးကွဲသစ်အိုမီခရွန်ရောဂါ တားဆီးကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈နာရီခွဲက ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း စောင့်ကြပ်ထိန်း ချုပ်နိုင်ရေးနှင့် ကျောင်းသား/သူများနေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းများကို စနစ်တကျတပ်ဆင်သည့်အလေ့ အကျင့်ကောင်းများ ဆက်လက်လိုက်နာ ကျင့်သုံးဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ရေးနှင့် အ‌ရေးပေါ်တုံ့ပြန်ရေးကော်မတီသည် အ-ထ-က ရေဖြူတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် ရေဖြူမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇင်လင်းနိုင်၊ အဖွဲ့ဝင်(၂)ဦးဧရာထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး လှနောင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်မိုးမြင့်နှင့် ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အခြေခံပညာ အထက်တန်းကျောင်း၊ ရေဖြူမြို့တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများကို အသိပညာပေးနှိုး‌ဆော်ပြောကြားပြီး ကျောင်းသား/ကျောင်းသူ များအားလက်ကမ်းစာစောင်နှင့် နှာခေါင်းစည်းMask များအခမဲ့ ဖြန့်‌ဝေပေးခဲ့ကြောင်း သိရသည်။

ခတ္တာ