အမြို့မြို့အနယ်နယ်သတင်းများ

Oct 04,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဉီးလွင်ခရိုင်၊ ပြင်ဉီးလွင်မြို့တွင်  ပိုးစာပင်စိုက်ပျိုးရေးနှင့် ပိုးမွေးမြူရေးဆိုင်ရာ (TOT)  သင်တန်းဖွင့်ပွဲကိုယမန် နေ့နံနက် ၉နာရီခွဲအချိန်က ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၆)၊ ပိုးသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဗဟိုဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ  တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသားများတက်ရောက်ကြသည်။
Oct 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့၏ ကြီးကြပ်မှုဖြင့် အရန်မီးသတ်လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းအမှတ်စဉ်(၁/၂၀၂၂)ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ၌ လှော်ကထားနယ်မြေမီးသတ်စခန်းတွင် ကျင်းပပြု လုပ်ခဲ့သည်။
Oct 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်အတွင်းရှိ ပြည်သူများ ယာဉ်တိုက်မှု အန္တရာယ်မှ ကင်းဝေးစေရန်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများအား လိုက်နာဆောင် ရွက်ခြင်းရှိ/မရှိကို ယမန်နေ့နံနက်ပိုင်းက အင်္ဂပူမြို့၊ မြို့ဝင်စစ်ဆေးရေးဂိတ်၌စစ်ဆေးဆောင် ရွက်ခဲ့သည်။
Oct 04,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နေပြည်သူများအား ချိုသာသောဈေးနှုန်းဖြင့် အခြေခံစားသောက် ကုန်များ ဝယ်ယူရရှိရေးနှင့် ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရေး အတွက် ဌာနဆိုင်ရာဝန် ထမ်းများနှင့် ဒေသခံပြည်သူများအား အောက်တိုဘာ ၃ ရက်  နံနက်ပိုင်းက မြစ်ကြီးနားမြို့ အား/ကာတိုက်တန်းလမ်း၌ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်နယ်မိသားစုများမှ လာရောက်ရောင်းချပေးလျက်ရှိသည်။
Oct 04,2022
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ ကလေးသူငယ်များအား ရောဂါဘယကင်းဝေးပြီး ကျန်းမာသန်စွမ်းသည့် လူ့စွမ်းအားအရင်းအမြစ်များအဖြစ် ပေါ်ထွန်းလာစေရန် ရည်ရွယ်၍
Oct 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ယမန်နေ့ နံနက် ၁၁ နာရီအချိန်တွင် မြို့မဈေးအတွင်း၊ အပြင်ရှိ ဟင်းသီးဟင်းရွက် အရောင်းဆိုင်များနှင့် မုန့်မျိုးစုံဆိုင်အရောင်းဆိုင်များကို ကွင်းဆင်းစစ်‌ဆေးခဲ့ ကြောင်းသိရသည်။
Oct 04,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးရေးရာဦးစီးဌာနတို့ပူးပေါင်း၍ အလှကုန်ပစ္စည်းများနှင့် ပတ်သက်၍ အသိပညာပေး Talk  Show ကို ယမန်နေ့ နေ့လည်ပိုင်းက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။