မော်လမြိုင်ကျွန်း အောက်တိုဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှု ဖြင့် ယနေ့ နံနက်(၉)အချိန်မှစ၍ အရန်မီးသတ်လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း အမှတ်စဉ် (၁/၂၀၂၂) သင်တန်းဖွင့်ပွဲကို မြို့နယ်မီးသတ်ဦးစီးမှူးရုံးခန်းမ၌ ကျင်းပ ဆောင်ရွက်သည်။
အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်က အဖွင့်အမှာစကား ပြောကြားရာ၌ ယနေ့မွမ်းမံသင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်မှာ မော်လမြိုင်ကျွန်းမြို့နယ်အတွင်း မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ရေး၊ အရေးပေါ်ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့ အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ပေးရေး၊ ဌာနဆိုင်ရာများ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ရပ်ရွာအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ရည်ရွယ်ကာ ဖွင့်လှစ်ပေးခြင်းဖြစ် ကြောင်း ပြောကြားပြီး မော်လမြိုင်ကျွန်းမြို့နယ် မီးသတ် ဦးစီးမှူး ဦးမျိုးဇော်က ပြည်ထဲရေးဝန်ကြီးဌာန၏ မူဝါဒ(၅)ချက်အနက် ဒုတိယအချက်ဖြစ်သော လုပ်ငန်းစွမ်းရည်၊ လုံခြုံရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်နှင့် အုပ်ချုပ်ရေးစွမ်းရည်များ ထက်မြက်စေရန် မွမ်းမံသင်တန်းဖွင့်လှစ် ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြား သည်။
သင်တန်းဖွင့်ပွဲသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ နည်းပြဆရာများနှင့် ရပ်ကွက်/ ကျေးရွာများ အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသား (၅၀)ဦး တက်ရောက်သည်။ သင်တန်းတွင် စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ (၂၆)ရက်ကြာမြင့်မည်ဖြစ်ပြီး သင်တန်းတွင် မီးဘေးလုံခြုံ ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း များ၊ လုပ်ငန်းစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်နှင့် စည်းရုံးရေးစွမ်းရည်များ ပို့ချပေးသွားမည်ဖြစ် ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
အောင်အောင်(ပြန်/ဆက်)