လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်- ၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ပျံ့နှံ့မှု တားဆီး ကာကွယ်နိုင်ရန် နှာခေါင်းစည်း Mask Campaign ပြုလုပ်ခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

လှိုင်သာယာ(အရှေ့ပိုင်း) အောက်တိုဘာ  

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ပျံနှံ့မှုတားဆီးကာကွယ်နိုင်ရန်အတွက် ပြည်သူများနေအိမ်မှပြင်ပသို့ ထွက်ခွာတိုင်း ပါးစပ်/နှာခေါင်းစည်း (Mask) တပ်ဆင်ပြီးသွားလာကြရန် Mask Campaign ပြုလုပ်ခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်း က အမှတ်()ရပ်ကွက် ကျန်စစ်သားလမ်းနှင့် စိန်တံချူလမ်းရှိ လူစည်ကားရာနေရာများတွင် စျေးသွား၊ စျေးလာ၊ စျေးဝယ်ပြည်သူများကို နှာခေါင်းစည်းများ ဖြန့်ဝေကာ Mask Campign ပြုလုပ်၍ အသိပညာပေး ဆောင်ရွက်လျက်ရှိသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ပြည်သူများ နှာခေါင်းစည်း (Mask) တပ်ဆင်ပြီးသွားလာကြရန်၊  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အကြိမ်ပြည့်မှီအောင်ထိုးနှံကြရန်၊ လက်ကိုမကြာခဏဆေးကြောကြရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ကြရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရန် စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်တို့ကို အသိပညာပေးဆောင်ရွက်လျက်ရှိပြီး ဈေးရောင်း၊ ဈေး၀ယ်၊ လမ်းသွားလမ်းလာပြည်သူများကို Mask များအခမဲ့ ဖြန်ဝေပေးလျက်ရှိကြောင်းနှင့် Mask Campaign ပြုလုပ်ခြင်းလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းတို့ ပူးပေါင်း၍  ရပ်ကွက်၊ ကျေးရွာများသို့ ပါးစပ်၊ နှာခေါင်းစည်း Mask များ တပ်ဆင်ပြီး သွားလာကြရန် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ပျံနှံ့မှုတားဆီးကာကွယ်နိုင်ရန်  Mask Campign ပြုလုပ်ခြင်းလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခင်၀င်းမူ(ပြန်/ဆက်)