လပွတ္တာမြို့နယ် တွင်ထော်လာဂျီနှင့် မော်တော်ဆိုင်ကယ်များအားလိုင်စင် သက်တမ်း တိုးခြင်းနှင့် သင်မောင်းလိုင်စင်ပြုလုပ်ခြင်း လုပ်ငန်းများဆောင်ရွက်

လပွတ္တာ စက်တင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ လပွတ္တာခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏စီစဉ်ဆောင်ရွက်မှုဖြင့် ဧရာဝတီတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနနှင့်မြို့နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကော်မတီတို့ ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် လပွတ္တာမြို့နယ်အတွင်းရှိ လိုင်စင်မဲ့ထော်လာဂျီများအား လိုင်စင်အသစ်ပြု လုပ်ပေးခြင်း၊ လိုင်စင်သက်တမ်းတိုးခြင်း၊ မော်တော်ဆိုင်ကယ်လိုင်စင် သက်တမ်းတိုးခြင်း၊ သင်မောင်းလိုင်စင်ပြုလုပ်ပေးခြင်းစသည့်လုပ်ငန်းများကို အောက်တိုဘာလ ၂ရက်နေ့ နံနက်(၁၀) နာရီချိန်မှစ၍ လပွတ္တာမြို့၊ အမှတ်(၅) ရပ်ကွက်၊ ရဲတံခွန်ခန်းမ၌ ပြုလုပ်ပေး ခဲ့ကြောင်းသိရသည်။

အဆိုပါ လိုင်စင်များပြုလုပ်ပေးရာနေရာသို့ လပွတ္တာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်မျိုးညွှန့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသူရနှင့်အဖွဲ့ဝင်များမှ ကွင်းဆင်းသွား ရောက်ကြည့်ရှုခဲ့ပြီး သက်ဆိုင်ရာဌာနများနှင့် လိုအပ်သည်များကိုပေါင်းစပ် ညှိနှိုင်းဆောင် ရွက်ပေးခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနမှ အောက်တိုဘာလ(၂)ရက်နေ့ နံနက်နံနက် ၁၀ နာရီ မှ ညနေ ၅ နာရီအထိ လပွတ္တာမြို့နယ် အတွင်းရှိ မော်တော်ဆိုင်ကယ်(၁၈၆)စီး လိုင်စင်သက်တမ်းတိုးခြင်း၊ သင်မောင်းလိုင်စင် (၁၇၆)ဦး ပြုလုပ်ပေးခြင်းနှင့် ထော်လာဂျီယာဉ်စုစုပေါင်း(၄၀)စီး၏ လိုင်စင် သက်တမ်းတိုးခြင်း လုပ်ငန်းများကိုဆောင်ရွက်ခဲ့ကြောင်း လပွတ္တာမြို့နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကော်မတီထံမှ သိရသည်။

လပွတ္တာခရိုင်(ပြန်/ဆက်)