Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဖျာပုံမြို့၌ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေး အသိပညာပေးဆောင်ရွက်ခြင်း နှင့် နှာခေါင်းစည်း Maskများ အခမဲ့ဖြန့်ဝေ
Oct 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင်ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့ပေါ်လူစည်ကားရာ နေရာများ၌ ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရန် Mask တပ်ဆင်ထားခြင်းမရှိသူ လမ်းသွားလမ်းလာပြည်သူများအား မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ ပြန်ရေးကော်မတီ က Mask Campaign ပြုလုပ်၍ Mask များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေး ဆောင်ရွက်ခြင်းကို အောက်တိုဘာလ(၃)ရက် နေ့နံနက်(၈)နာရီအချိန်ကဖျာပုံ မြို့ဒုတိယလမ်း မီးပွိုင့်ဒေါင့်နှင့် လူစည်ကားရာ နေရာများ၌ပြုလုပ်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဘိုကလေးမြို့နယ်အတွင်း လုံခြုံရေး၊တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာဖွံ့ဖြိုးရေး အတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ကျေးလက်နေပြည်သူများတွေ့ဆုံ
Oct 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်း၌ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာဖွံ့ဖြိုးရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အပါအဝင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ အကြီးအကဲများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဘိုကလေးမြို့နယ်၊ ဒေါင့်ကြီးကျေးရွာအုပ်စု၊ ကသပေါင်းရွာသစ်၊ မုန်တိုင်းဒဏ်ခံအဆောက်အဦး၌ ဒေါင့်ကြီးကျေးရွာအုပ်စုရှိ ပြည်သူများနှင့် အောက်တိုဘာ(၂)ရက်နေ့ နံနက်(၁၀)နာရီ၌လည်းကောင်း၊ နေ့လယ်(၂)နာရီတွင် စက်ဆန်းကျေးရွာအုပ်စုရှိ ပြည်သူများနှင့် အ.ထ.က(စက်ဆန်း)ကျောင်းတွင် လည်းကောင်း တွေ့ဆုံပွဲ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ပင်လောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးလှုပ်ရှားမှု နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေ
Oct 03,2022
ရှမ်းပြည်နယ် တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးလုပ်ငန်းနှင့် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့မစျေးနှင့် မင်းလမ်းမပေါ်တွင် အဖွဲ့သုံးဖွဲ့ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်လတ်၌ အရန်မီးသတ်လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း အမှတ်စဉ်(၁/၂၀၂၂) ဖွင့်ပွဲကျင်းပ
Oct 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် မီးသတ်ဦးစီးမှူးရုံးတွင် ယနေ့နံနက် (၉)နာရီက အရန်မီးသတ် လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း အမှတ်စဉ်(၁/၂၀၂၂) ဖွင့်ပွဲ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဇလွန်မြို့နယ်တွင် အရန်မီးသတ် လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၂)ဖွင့်လှစ်
Oct 03,2022
ဧရာဝတီတိုင်းဒေသကြီး ၊ ဇလွန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အရန်မီးသတ် လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ်(၁၂၀၂၂) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းခတ်မြို့၌ နိုင်ငံသားတိုင်း လိုက်နာဆောင်ရွက်နိုင်ရေး “အများပြည်သူများသို့ ထုတ်ပြန်ချက်” Billboard စိုက်ထူ
Oct 03,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံသားတိုင်း လိုက်နာဆောင်ရွက်နိုင်ရေး “အများပြည်သူများသို့ ထုတ်ပြန်ချက်” Billboard စိုက်ထူခြင်း အသိပညာပေးစာစောင်ကို ယမန်နေ့နံနက် ၉ နာရီခွဲက မြို့နယ်ပန်းခြံတွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကလောမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်
Oct 03,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိနှင့်ဝန်ထမ်းများသည် ယနေ့နံနက် ၁၀ နာရီအချိန်က လွယ်အံကျေးရွာအုပ်စု မြင်းကကျေးရွာရှိ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ပန်းတောင်းမြို့ အမှတ် (၂) အ.ထ.ကတွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အာစရိယပူဇော်ပွဲနှင့် ပညာရည်ချွန်ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
Oct 03,2022
အောက်တိုဘာ (၅) ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့်၊ အာစရိယပူဇော်ပွဲနှင့် ပညာရည်ချွန် ဆုပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကို အောက်တိုဘာ (၃) ရက်နေ့ နံနက် (၁၀) နာရီက မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း ပညာဂုဏ်ရောင်ဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
15701
Page
15702
Page
15703
Page
15704
Current page
15705
Page
15706
Page
15707
Page
15708
Page
15709
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department