မချမ်းဘော့မြို့၏ အထင်ကရနေရာ ကျောက်နဂါးရှိရာ အောင်တော်မူအေး စေတီတော်မြတ်ကြီးတွင် သီတင်းကျွတ်လပြည့်ည၌ ဆီမီး (၁၀၀၀)ပူဇော်ပွဲကျင်းပမည်

မချမ်းဘော့ အောက်တိုဘာ ၅

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့အနီးရှိ အထင်ကရနေရာ ကျောက်နဂါးတည်ရှိရာ ကုန်းတော်ပေါ်ရှိ အောင်တော်မူအေး စေတီတော်မြတ်ကြီးတွင် သီတင်းကျွတ်လပြည့်ညတွင် ဆီမီး(၁၀၀၀) ပူဇော်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဆီမီး(၁၀၀၀)ပူဇော်ပွဲကို မချမ်းဘော့မြို့ သာသနာပြုဗဟိုကျောင်း၊ ကျောင်းထိုင်ဆရာတော် ဦးပညာဝရ ဦးဆောင်မှုဖြင့် မချမ်းဘော့မြို့ ဗုဒ္ဓဘာသာဝင်များစုပေါင်း၍ ရိုးရာစဥ်လာမပျက် နှစ်စဥ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင်လည်း ကျောက်နဂါးတည်ရှိရာ အောင်တော်မူအေး စေတီတော်မြတ်ကြီး သွားရာလမ်းတစ်လျှောက်တွင် ဝါးတိုင်များစိုက်ထူ၍ ဆီမီးခွက်များဖြင့် ထွန်းညှိပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျောက်နဂါးတည်ရှိရာနေရာသည် မချမ်းဘော့မြို့၏ အထင်ကရနေရာ တစ်နေရာဖြစ်ပြီး ပူတာအိုရောက်သူတိုင်း မသွားမဖြစ် သွားရောက်လည်ပတ်သူများ စဥ်ဆက်မပြတ် လည်ပတ်လျက်ရှိသော နေရာဖြစ်သည်။

မြို့နယ်(ပြန်/ဆက်)