ဖျာပုံ အောက်တိုဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ် ဦးစီးမှူးရုံးမှမြို့နယ်ဦးစီးမှူး ဦးဇော်လွင်နှင့် ဝန်ထမ်းများသည်" လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ဖျာပုံမြို့နယ် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ ၆၆/၆ များ ကွန်ပျူတာ Software စနစ်ဖြင့် Main Server အတွင်း ရိုက်သွင်ပြီးစီးခြင်းတွင် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြသော မိတ်ဖက်ဌာနဆိုင်ရာ ဝန်ထမ်းများအား၊ ဂုဏ်ပြုလက်မှတ်များ ပေးအပ်ခြင်းကို အောက်တိုဘာလ (၅)ရက်နေ့ နံနက် (၁၀)နာရီအချိန်က ဖျာပုံမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အဆိုပါမိတ်ဖက် အဖွဲ့အစည်းများအား ဂုဏ်ပြုလက်မှတ်များ ပေးအပ်ရာတွင် ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်းက အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်အနေဖြင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ ၆၆/၆ များ ကွန်ပျူတာ Software စနစ်ဖြင့် Main Server အတွင်း ရိုက်သွင်းရာတွင် ပါဝင်ကူညီပေးကြသော မိတ်ဖက်ဌာနဆိုင်ရာ ဝန်ထမ်းများအား၊ ဂုဏ်ပြုလက်မှတ်များပေးအပ်ရာ ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့် သက်ဆိုင်ရာခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက မှတ်တမ်းတင်ဂုဏ်ပြု လက်မှတ်များပေးအပ်ရာ၊ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ ၆၆/၆ များ ကွန်ပျူတာ Software စနစ်ဖြင့် Main Server အတွင်း ရိုက်သွင်းရာတွင် ပါဝင်ကူညီပေးကြသော မိတ်ဖက်ဌာနဆိုင်ရာ ဝန်ထမ်းများက အသီးသီးလက်ခံရယူကြသည်။ ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဇော်လွင်က အိမ်ထောင်စု လူဦးရေစာရင်းပုံစံ ၆၆/၆ များ ကွန်ပျူတာ Software စနစ်ဖြင့် Main Server အတွင်းရိုက်သွင်းရာတွင် ပါဝင်ကူညီပေးကြသော မိတ်ဖက်ဌာနဆိုင်ရာ ဝန်ထမ်းများအား ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြသည့်အတွက် လုပ်ငန်းများ သတ်မှတ်ရက်ပြီးစီး အောင်မြင်ခဲ့မှုအပေါ် ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
အောင်ဝင်းနိုင် (ပြန်/ဆက်)