အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် တိုင်းဒေသကြီးလူငယ်ရေးရာ ကော်မတီတို့ ပူးပေါင်းကျင်းပသော အလုပ်အကိုင်အခွင့်အလမ်းပြပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ

ချမ်းမြသာစည်   အောက်တိုဘာ ၆

မန္တလေးတိုင်းဒေသကြီး၊ချမ်း မြသာစည်မြို့နယ်၊ မန္တလာသီရိအားကစားကွင်းအတွင်းရှိ၊ Multipur pose studium (မိုးလုံလေလုံအားကစားရုံအတွင်း)၌ မန္တလေးတိုင်းဒေသကြီး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသော အလုပ်အကိုင်အခွင့်အလမ်းပြပွဲ ဖွင့်ပွဲအခမ်းအနားကို  ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားတွင် အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ပွင့်ဆန်းမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ဆက် လက်ပြီး မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကိုက အမှာစကားပြော ကြားပြီးနောက် ပြပွဲကို အလုပ်သမား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ပွင့်ဆန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကိုတို့မှ ဖဲကြိုးဖြတ်၍ ဖွင့်လှစ်‌ပေးခဲ့ကြသည်။

ထို့နောက် ဖိတ်ကြားထားသော ဧည့်သည်တော်များက ပြပွဲအတွင်းသို့ ဝင်ရောက်ကြည့်ရှု လေ့လာခဲ့ကြသည်။ ပြပွဲဖွင့်လှစ်ခြင်း အခမ်းအ နားသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ပွင့်ဆန်း၊ မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကိုနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မို့မို့သွင်နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခင်စိမ်း၀င်း(ပြန်/ဆက်)