ညောင်တုန်းမြို့နယ် ပန်းလှိုင်မြစ်ကူး စံကင်းကျွန်းတံတားတစ်စင်း တည်ဆောက်ရေး ညှိနှိုင်းဆွေးနွေး

ညောင်တုန်း အောက်တိုဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပန်းလှိုင်မြစ်ကူး စံကင်းကျွန်း တံတား တစ်စင်း တည်ဆောက်ရေး ညှိနှိုင်းဆွေးနွေးခြင်းကို ယမန်နေ့ မွန်းလွဲ ၁နာရီ အချိန်ခန့်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်စိုးက တံတားပြီးစီးပါက စံကင်းကျွန်းဒေသတွင် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေး စသည်များ ဘက်စုံဖွံဖြိုးတိုလာမည်ဖြစ်ကြောင်းပြောကြားပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် ညွှန်ကြားရေးမှူး ဦးကျော်ဇင်ထွေး (မန္တလေးတိုင်း) တံတားအထူးအဖွဲ့(၁)၊ EEဦးမြင့်နိုင်၊ တံတားအထူးအဖွဲ့(၁)၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စံကင်းကျွန်း(၁၈)အုပ်စု၊ မြို့ပေါ်ရပ်ကွက်(၁၀)ခုမှ အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ နှင့်အတူ စံကင်းကျွန်းတံတား တည်ဆောက်ရေးအတွက် ဦးစားပေးအနေဖြင့်(၃)နေရာ သဘောတူလျာထားရွေးချယ်ခဲ့ပြီး လျာထားနေရာများနှင့်ပတ်သက်၍ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဆက်စပ်ဌာနများနှင့် ပြည်သူများမှ ဝိုင်းဝန်း ကူညီ ဆောင်ရွက်ပေးကြရေးဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်ဆက်)