ဓနုဖြူမြို့နယ်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ဓနုဖြူ အောက်တိုဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ဝေအောင်နှင့်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဆိုင်ရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မ.စ.ကအဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတို့က ဓနုဖြူမြို့နယ်အတွင်းရှိ အမှတ် ၁၈ ရပ်ကွက်လမ်းဆုံ၊ အလမျိုးကျေးရွာ၊ ကျောင်းစုကျေးရွာ၊ အကျော်ကျေးရွာ၊ ပြင်ကသာကျေးရွာ၊ ကျုံတနီးကျေးရွာ၊ သပြုကျေးရွာ၊ ညောင်ချောင်းကျေးရွာနှင့် ရေလဲကျေးရွာ စသည့် အဝေးပြေးလမ်းမကြီးဘေးရှိ ကျေးရွာများအလိုက် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင် စောင်ရေ ၆၅၀၀ ခန့် ဖြန့်ဝေခြင်းနှင့် နှာခေါင်းစည်း Mask ၅၀၀၀ ခုခန့် ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့သည်။

ထို့နောက် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာမှုမရှိသော ယာဥ်များအား ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဥပဒေအရ ဖမ်းဆီးအရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)