ချမ်းမြသာစည်မြို့နယ်တွင် ရုံးသစ်ဆောက်လုပ်မည့် မြေနေရာအား ပြည်ထောင်စု၀န်ကြီး လာရောက်ကြည့်ရှုစစ်ဆေး

ချမ်းမြသာစည်   အောက်တိုဘာ ၆

တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်နှင့် ဒုဝန်ကြီးဦးဇော်အေးမောင်တို့အဖွဲ့သည် ယမန်နေ့ ၄ နာရီအချိန်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၆၃လမ်းနှင့် ၁၀၁(A) လမ်းထောင့်ရှိ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဌာန၊ဦးစီးမှူးရုံး သို့ရောက်ရှိ၍ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ဦးစီးမှူးရုံး၊ ညွှန်ကြား ရေးမှူး ဒေါ်သန်းသန်းညိုနှင့်ရုံးဝန်ထမ်းများအား တွေ့ဆုံပြီး လုပ်ငန်းဆိုင်ရာလမ်းညွှန်ချက်များအားလမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်ထောင်စု၀န်ကြီးနှင့်အဖွဲ့သည် ရုံးဝန်းအတွင်းလှည့်လည်ကြည့်ရှုစစ်ဆေးပြီး ရုံးအသစ်ဆောက်လုပ်ရန် မြေနေရာကိုကြည့်ရှု၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

ခင်စိမ်း၀င်း(ပြန်/ဆက်)