အမြို့မြို့အနယ်နယ်သတင်းများ

Jan 21,2026
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦးသည် ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ ထေးငှားလျားကန်ပတ်ဝန်းကျင် မြေယာရှုခင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ ကယားပြည်နယ်လွှတ်တော်ရုံးပြင်ဆင်ထားရှိမှု၊ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များ ပင်စင်လစာထုတ်ယူနေမှုနှင့် ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။
Jan 21,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်‌နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၃) ကျင်းပနိုင်ရေးအတွက် အီလက်ထရွန်နစ်မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများအား ငရုတ်‌ကောင်းမြို့အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ ယမန်နေ့ ညနေ ၆ နာရီခွဲအချိန်ခန့်က‌ ရောက်ရှိခဲ့ကြောင်းသိရသည်။
Jan 21,2026
ဖောင်းပြင်မြို့၌ ဝက်အစာများဖြစ်သည့် ဖွဲနှင့်ဆန်ကွဲတို့မှာ လိုသလောက်လွယ်ကူစွာ ဝယ်ယူ ရရှိနိုင်ပြီး ဝက်သားဈေးကောင်းသဖြင့် ဝက်မွေးမြူရေးလုပ်ကိုင်သူများ အဆင်ပြေလျက်ရှိကြောင်း အင်ကြင်းမြိုင်ရပ်ကွက်တွင် မွေးမြူရေးလုပ်ကိုင်နေသူ ဦးကျော်မြင့် ထံမှသိရသည်။
Jan 21,2026
ဖောင်းပြင်မြို့ အခြေခံပညာအထက်တန်းကျောင်း(အ-ထ-က ဖောင်းပြင်)တွင် ၂၀၂၅- ၂၀၂၆ ခုနှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်ပိုင်းက ကျင်းပရာ ၂၀၂၄- ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးများဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် "နိုင်ငံတော်အဆင့် Top-10 အဆင့်ဝင်၊ တိုင်းဒေသကြီးအဆင့် (Top-2) /(Top-4)အဆင့်ဝင်များ၊  ၄ ဘာသာဂုဏ်ထူးရှင်များအပါအဝင် ဂုဏ်ထူးများဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ ၆၄ ဦးနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် ကာယ၊ ဉာဏပြိုင်ပွဲအသီးမှ ဆုရကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။
Jan 21,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုတက္ကသိုလ်တွင် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၁၆ ရက်နေ့ ညနေ(၄)နာရီအချိန်က ရွှေဘိုတက္ကသိုလ်ရှိ အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jan 21,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသက် (၁၈) နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ဇန်နဝါရီလ ၁၇ ရက်နေ့မွန်းလွဲ ၂ နာရီအချိန်က ကလေးခရိုင် ဘောလုံအားကစားကွင်း၌ ပြုလုပ်ခဲ့သည်။
Jan 21,2026
လူငယ်များ ဗလငါးတန်ပြည့်စုံစေရန်၊ လူအများနှင့်ဆွေးနွေး‌ပြောဆိုမှု ပြုတတ်စေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး  ကျုံပျော်မြို့နယ်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော  လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ကျုံ‌ပျော်မြို့နယ်၊ အထောင်မြို့၊  အခြေခံပညာအထက်တန်းကျောင်း၊ မြတ်လေးခန်းမ၌ ဇန်နဝါရီလ ၂၀ ရက် နံနက်  ၉  နာရီ အချိန်က ကျင်းပပြုလုပ်သည်။
Jan 21,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဆီထွက်သီးနှံအဖြစ် မြေပဲ၊ နေကြာ၊ နှမ်း၊ ပန်းနှမ်း၊ မုန်ညှင်းစေ့သီးနှံများစိုက်ပျိုးကြရာ ယခုနှစ် ဆောင်းရာသီစိုက်ပျိုးသော ‌နှမ်းသီးနှံ ဧက ၆၅၀၀ ကျော်ရိတ်သိမ်းပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။