အမြို့မြို့အနယ်နယ်သတင်းများ

Jun 08,2025
လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီး၏ ၁၂လ ရာသီပွဲတော်များအနက် နယုန်လပြည့်နေ့ ဇွန်၁၀ရက်(အင်္ဂါနေ့)နေ့ထူးနေ့မြတ်၌ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ကကြီးမှူး၍ ရွှေတိဂုံစေတီတော်ရင်ပြင်၌ မဟာသမယအခါတော်နေ့ အခမ်းအနားကျင်းပပြုလုပ်မည်ဖြစ်သည်။
Jun 08,2025
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ နံနက် (၇:၃၀) နာရီအချိန်တွင် ရန်ကုန်မြို့၊ တာမွေမြို့နယ် ကျိုက္ကဆံကွင်းအတွင်းရှိ ဘောလုံးကွင်း အမှတ်(၁) ၌ Myanmar National League 2025-2026  I.S.P.E FC အမျိုးသားဘောလုံး အသင်းနှင့် Myanmar Women League 2025-2026 I.S.P.E FC  အမျိုးသမီးဘောလုံးအသင်းတို့၏ လေ့ကျင့်နေမှုအား  ကြည့်ရှုအားပေးပြီး  အားကစားသမားများအား  အခြေခံနည်းစနစ် ကောင်းမွန်ရန်၊ ခန္ဓာကိုယ်ကျန်းမာ ကြံ့ခိုင်မှုရှိရန်၊ နည်းပြဆရာများ၏ သင်ကြားဆို ဆုံးမမှုများကို လိုက်နာကြရန်၊  မိမိတို့၏အင်အားကို တိကျမှန်ကန်စွာ အသုံးချတတ်ရန်၊ ပြိုင်ပွဲများ၌ဒိုင်လူကြီးများ၏ ဆုံးဖြတ်ချက်များကို  လိုက်နာကြရန်၊ မိမိအသင်း၌ အသင်းဦးရေအပြည့်ဖြင့်  ပြိုင်ပွဲပြီးဆုံးချိန်ထိ ယှဉ်ပြိုင်အောင်မြင်မှု ရရှိအောင် ကြိုးစားကြရန် မှာကြားပြီး နည်းပြနှင့်တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ပါသည်။
Jun 08,2025
မန္တလေးတိုင်းဒေသကြီး၊ အဆောက်အဦများ ပြန်လည်ပြုပြင် အသုံးပြုရေးနှင့်အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ(၇)ရက်နေ့မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအဆောက်အဦများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ ညွှန်ကြားရေးမှူးများ၊ တက္ကသိုလ်၊ ဒီဂရီ ကောလိပ်တို့မှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနှင့် သက်ဆိုင်ရာဌာနများမှ အင်ဂျင်နီယာပညာရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Jun 08,2025
၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အမျိုးသား၊အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ပဉ္စမနေ့ ပွဲစဥ်များကို ယနေ့နံနက်ပိုင်းက တောင်ကြီးမြို့၊ ပြည်နယ်အားကစားလေ့ကျင့်ရုံ၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ အားက စားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးကြကြောင်း သိရသည်။
Jun 08,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရမှကျင်းပသော ပါဠိပထမပြန်စာမေးပွဲ စာအောင်သံဃာတော်များအား (၂၇) ကြိမ်မြောက် စာအောင်ဆုဆက်ကပ်လှူဒါန်းပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က ရပ်ကွက်(၁)၊ သာရမဥ္ဇူသာမိုးကောင်းစေတီတော်မြတ်ကြီး ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jun 08,2025
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း(Book Club) တို့ပူးပေါင်း၍စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ်၂ နာရီအချိန်ကလူထုအခြေပြုဗဟိုဌာန (Community Centre )တွင်ကျင်းပပြုလုပ်ခဲ့သည်။