အမြို့မြို့အနယ်နယ်သတင်းများ

Jan 21,2026
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို အောင်မြင်စွာကျင်းပနိုင်ရန်အတွက် ဇန်နဝါရီလ ၂၀ ရက်၊ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များအတွင်းသို့ လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြသည်။
Jan 21,2026
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၌ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုးမိုးအောင်၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၁) ရက်နေ့ နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် ကျန်းမာရေးစောင့်ရှောက်မှုများ အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Jan 21,2026
အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်နိုင်ဦးသည် ယနေ့နံနက်ပိုင်းက တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများ၊ တာဝန်ရှိသူများနှင့်အတူ အမှတ်(၂)စစ်မြေပြင်ဆေးတပ်ရင်း(တောင်ကြီး)မှ ဒုတိယဗိုလ်မှူးကြီးသက်နိုင် ဦးဆောင်သည့် တပ်မတော်ဆေးပါရဂူများ၊ ဆရာဝန်ကြီးများ၊ ဆေးဖက်ကျွမ်းကျင်ဝန်ထမ်းများပါဝင်သည့် တပ်မတော်နယ်လှည့်ကွင်းဆင်းကုသရေးအဖွဲ့မှ ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့၊ မြို့မရန်ကုန်ဘုန်းတော်ကြီးကျောင်း၌ ဒေသခံတိုင်းရင်းသားပြည်သူများအား အခမဲ့ဆေးကုသပေးခြင်း၊ ရောဂါရှာဖွေစစ်ဆေးပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းတို့ကို ကြည့်ရှုအားပေးခဲ့ပြီး လာရောက်ဆေးကုသမှုခံယူနေသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။
Jan 21,2026
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊‌ ပေါင်းတည်မြို့နယ်၌ သဘာဝဘေးအန္တရာယ် ငလျင်ဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဒဏ် ကာကွယ်ခြင်း သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်မှုကို ယမန်နေ့ နေ့လယ် ၂နာရီခွဲက မြို့နယ် ပြည်သူ့ဆေးရုံတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 21,2026
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်တွင် ပညာ့အားမာန်စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က ဖဒိုမြို့ အခြေခံပညာအထက်တန်း(၂) ရပ်ကွက်ကျောင်းခန်းမ၌ ဆောင်ရွက်ခဲ့သည်။
Jan 21,2026
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ ကြံတောအုပ်စု၌ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာ အထက်တန်းကျောင်း(မျောက်ချောကုန်း)တို့ပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ကာ ဗလငါးတန်ပြည့်စုံလာစေရန် ရည်ရွယ်ကာ ယမန်နေ့ နံနက်ပိုင်းက လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို အဆိုပါကျောင်းရှိ စုဝေးခန်းမတွင် ပြုလုပ်သည်။
Jan 21,2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၌ ဇန်နဝါရီ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)တွင် မဲရုံသို့ လာရောက်မဲပေးနိုင်ခြင်းမရှိသည့် သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများအား နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရေးနှင့် နိုင်ငံသားတစ်ဦး၏ တာဝန်ကျေပွန်စေရေးတို့အတွက် ကြိုတင်ဆန္ဒမဲကောက်ယူခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 21,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်တွင် မြစ်သားမြို့နယ်၌ ကျင်းပသွား မည်ဖြစ်ရာ နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရေးနှင့် နိုင်ငံသားတစ်ဦး၏ တာဝန်ကျေပွန်စေရေးအတွက် ကြိုတင်ဆန္ဒမဲပေးခြင်းကို ဇန်နဝါရီ ၂၁ ရက်နေ့တွင် အ‌ခြေခံပညာနှင့် စက်မှုစိုက်ပျိုး‌မွေးမြူ‌ရေးအထက်တန်း‌ကျောင်း၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။