ငရုတ်ကောင်း ဇန်နဝါရီ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၃) ကျင်းပနိုင်ရေးအတွက် အီလက်ထရွန်နစ်မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများအား ငရုတ်ကောင်းမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ ယမန်နေ့ ညနေ ၆ နာရီခွဲအချိန်ခန့်က ရောက်ရှိခဲ့ကြောင်းသိရသည်။
အဆိုပါအီလက်ထရွန်နစ်မဲပေးစက် နှင့်ဆက်စပ်ပစွည်းတို့အား ငရုတ်ကောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအတွင်း၌ ထည့်သွင်းသိမ်းဆည်းနေရာချထားခြင်း၊ ဆက်စပ်ပစ္စည်းများအား စနစ်တကျ ရေတွက်ခြင်းလုပ်ငန်းများကို မြို့အုပ်ချုပ်ရေးမှူး ဦးမြတ်ဟိန်းထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထို့ပြင်မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများ၏ လုံခြုံရေးအား မြို့ရဲတပ်ဖွဲစခန်းမှတာဝန်ရှိသူများ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်/ ကျေးအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ နေ့ညလုံခြုံရေးကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ငရုတ်ကောင်း (ပြန်/ဆက်)