Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
တောင်ငူမြို့၌ ရေဘေးကယ်ဆယ်ရေးအတွက် ကြိုတင်ဇာတ်တိုက်လေ့ကျင့်
Jun 07,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ လေးကျွန်းကန်တော်ကြီး၌ တောင်ငူမြို့နယ်မီးသတ် ဦးစီးဌာနနှင့်မြို့ပေါ် ပရဟိတအသင်းများပူးပေါင်း၍ ရေဘေးအန္တရာယ်ကျရောက်လာပါက အချိန်နှင့်တပြေးညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွည်၍ ရေဘေးကယ်ဆယ်ရေးကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီး၀န်ကြီးချုပ် ဦးတင့်လွင်မကွေးမြို့၊ အ.ထ.က(၄)အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအားကြည့်ရှူအားပေး
Jun 07,2025
မကွေးတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်နှင့် မြို့နယ်များတွင် မြို့ရွာသန့်ရှင်းသာယာ လှပရေးအတွက် အပတ်စဉ်(စနေနေ့တိုင်း) စုပေါင်းသန့်ရှင်း ရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိရာ ယနေ့နံနက် ပိုင်းက မကွေးမြို့ အ.ထ.က(၄) အခြေခံပညာအထက်တန်း ကျောင်းဝင်း အတွင်း သန့်ရှင်းသာယာလှပမှုရှိစေရေး ဌာနဆိုင်ရာများ ပူးပေါင်း၍ သန့်ရှင်းရေး ဆောင်ရွက် နေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတပ်နယ်မှ အကြီးအကဲများ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ သွားရောက်၍ ကြည့်ရှုအားပေးသည်။
အပြည့်အစုံ ဖတ်ရန်
တိုက်ကြီးမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (AVIP) ဖြည့်သွင်းနည်း ရက်တိုသင်တန်း ဖွင့်လှစ်
Jun 07,2025
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဆောင်ရွက်နိုင်ရန်အတွက် AVIP ဖြည့်သွင်းနည်း ရက်တိုသင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက် ၉ နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်တွင် ငလျင်ဘေးသင့်ပြည်သူများအား တိုင်းရင်းဆေးပညာဖြင့် အခမဲ့ကွင်းဆင်း ကုသပေး
Jun 07,2025
မန္တလေးတိုင်းသကြီး၊ ကျောက်ဆည်မြို့နယ်တွင် တိုင်းရင်းဆေးပညာဖြင့် ဆေးကုသပေးခြင်းကို ယမန်နေ့က လက်ပံကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ငလျင်ဘေးသင့်ပြည်သူများအား အခမဲ့ကွင်းဆင်း ဆေးကုသပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
တိုင်းဒေသကြီးဝန်ကြီးချုပ် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထည့်သွင်း မြေမြှုပ်ပွဲ အခမ်းအနားတက်ရောက်အားပေး
Jun 07,2025
မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထည့်သွင်း မြေမြှုပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ကိုင်းချောင်ကျေးရွာရှိ တောင်သူ ဦးအေးသောင်း၏ စပါးစိုက်ဧက(၄)ဧကတွင် ပြုလုပ်ခဲ့ရာတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည်တာဝန်ရှိသူများနှင့်အတူ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတောင်းမြို့နယ်၌ ဘွဲ့တံဆိပ်တော်ရဆရာတော်ကြီးနှင့် ပါဠိပထမပြန်စာအောင် စူဠဘွဲ့နှင်း သဘင်အခမ်းအနားကျင်းပ
Jun 07,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ရှိ မြို့နယ်လုံးဆိုင်ရာသာသနာ့ ဗိမာန်တော်ကြီးတွင် ယနေ့နံနက်(၉)နာရီအချိန်က ဘွဲ့တံဆိပ်တော်ရဆရာတော်ကြီးနှင့် ပါဠိပထမပြန် စာအောင်ဆုနှင်းသဘင် မင်္ဂလာအခမ်းကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဥက္ကလာပမြို့နယ်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ကျန်းမာရေးနှင့်မူးယစ် ဆေး၀ါးအန္တရာယ်အကြောင်း အသိပညာပေးဟောပြော
Jun 07,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပ မြို့နယ်ရှိ အမှတ် (၃) အခြေခံပညာအထက်တန်း ကျောင်းတွင် ကျောင်းသား၊ကျောင်း သူများ အသိပညာဗဟုသုတများ ရရှိ စေရန် အတွက် ကျန်းမာရေးနှင့် မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း အသိပညာပေးဟောပြောခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန် အဆိုပါကျောင်းရှိ မြကန်သာခန်းမတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကမာရွတ်မြို့နယ်တွင် အခွန်ဆိုင်ရာအသိပညာပေးဆွေးနွေး
Jun 07,2025
ကမာရွတ်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးအနေဖြင့် ၂ဝ၂၅ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေအပါအဝင် တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁ဝ နာရီတွင် ကမာရွတ်မြို့နယ် အမှတ် (၂) အခြေခံပညာမူလတန်းကျောင်း ပညာဗိမာန်ခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1457
Page
1458
Page
1459
Page
1460
Current page
1461
Page
1462
Page
1463
Page
1464
Page
1465
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department