ကလေး ဇန်နဝါရီ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသက် (၁၈) နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ဇန်နဝါရီလ ၁၇ ရက်နေ့မွန်းလွဲ ၂ နာရီအချိန်က ကလေးခရိုင် ဘောလုံအားကစားကွင်း၌ ပြုလုပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲကို အခြေခံပညာအထက်တန်းကျောင်းများနှင့် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများမှ အသင်းပေါင်း (၃၃) သင်းပါဝင်ယှဉ်ပြိုင်ကြရာ အုပ်စုများခွဲ၍ ယှဉ်ပြိုင်ခဲ့ကြပြီး အထက(၅) ကျောင်း ဘောလုံးအသင်းနှင့် IDEA ကျောင်းဘောလုံးအသင်းတို့ဗိုလ်ပွဲယှဉ်ပြိုင်ကစားကြရာ IDEA ကိုယ်ပိုင်ကျောင်းဘောလုံအသင်းက နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကျင်းပရာ ကလေးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးမိုးထက်နှင့်အဖွဲ့ဝင်များက ပထမဆု၊ ဒုတိယဆုနှင့် နေရာအလိုက် အကောင်းဆုံးဂိုးသမား၊ နောက်တန်း၊ အလယ်တန်း၊ ရှေ့တန်းနှင့် ပွဲစဉ်တလျှာက်အကောင်းဆုံး ကစားသမားဆုများရရှိကြသည့် ပြိုင်ပွဲဝင်ကစားသမားများအား ဒိုင်းဆုနှင့် ဆုတံဆိပ်ဆွဲပြားများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)