Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ၂၀၂၅ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jun 08,2025
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ၂၀၂၅ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ မလေးရှားဝိုင်ကျေးရွာအုပ်စု၊ တောင်လှိုင်ရိုးမကြိုးဝိုင်း၊ အကွက်အမှတ်-၁၃၊ မေတ္တာအေးကျေးရွာအနီးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ၂၀၂၅ခုနှစ် ပါဠိပထမပြန် စာမေးပွဲတွင် သံဃာတော်များနှင့် သီလရှင်များအေးချမ်းစွာ ဖြေဆိုနေမှုအား ဖူးမြော်ကြည်ညို
Jun 08,2025
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲကို ဒက္ခိဏသီရိမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်၊ မြို့နယ်သံဃနာယက အဖွဲ့ဝင်ဆရာတော်များနှင့် ကြီးကြပ်ရေးဆရာတော်ကြီးများ ကြီးကြပ်ကာ ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်၊ ရွှေလက်လှ စေတီတော်မြတ်ကြီးဝန်းအတွင်းရှိ သာသနာလင်္ကာရဗိမာန်၌ ပါဠိပထမပြန် စာမေးပွဲကို ယနေ့မွန်းတည့် (၁၂) နာရီအချိန်က ဆက်လက်ဖြေဆိုရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး သွားရောက်ကြည့်ရှုကြည်ညိုခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ရုံးစာရေးသားနည်းသင်တန်း (၁/၂၀၂၅)ဖွင့်လှစ်
Jun 08,2025
ရုံးလုပ်ငန်းဆိုင်ရာများကို သိရှိနားလည်၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ ရုံးလုပ်ငန်းများကို သတ်မှတ်ချိန်အတွင်း မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ရုံးစာရေးသားနည်း သင်တန်း(၁/၂၀၂၅)ကို ယနေ့နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပဲခူးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရေဦးမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများ ထပ်ဆင့်အသိပညာပေး ရှင်းလင်း
Jun 08,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်၊ ရေဦးမြို့ အောင်ဆန်းရပ်ကွက် အခြေခံပညာမူလတန်းကျောင်းတွင် ယနေ့နံနက် ၉ နာရီက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့် ပတ်သက်၍ ထပ်ဆင့်အသိပညာပေး ရှင်းလင်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြန်အောင်၌ ၂၀၂၄ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ
Jun 08,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် မြန်အောင်မြို့၌ ၂၀၂၄ ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲစာအောင်သံဃာတော်များနှင့်သီလရှင်ဆရာလေးတို့အား စာအောင်လက်မှတ်နှင့် လှူဖွယ်ဝတ္ထု ဆက်ကပ်လှူဒါန်းခြင်း စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့ ညနေက မြန်အောင်မြို့ မုံရွာပရိယတ္တိစာသင်တိုက် သာသနာ့ဗိမာန် ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မဟာရွှေစည်ကြီးစေတီတော် သာသနာ့ဗိမာန်တော်၌ စာအောင်ဆုနှင့်အောင်လက်မှတ် ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
Jun 08,2025
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် ၂၀၂၄ ခုနှစ် အစိုးရပါဠိ ပထမပြန်စာမေးပွဲ စာအောင်ရဟန်း၊ သာမဏေနှင့်သီလရှင်များအား စာအောင်ဆုနှင့် အောက်လက်မှတ် ဆက်ကပ်လှူဒါန်းပွဲကို ဇွန် ၈ ရက်နံနက် ၈ နာရီက ကန့်ဘလူမြို့ မဟာရွှေ စည်ကြီးစေတော် သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နိုင်ငံသားမှတ်ပုံတင်ကတ်ပြားများအား ကာယကံရှင်များထံသို့ ပေးအပ်
Jun 08,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကျီတော်ရပ်ကွက်တွင် ယမန်နေ့ နံနက် (၁၀)နာရီအချိန်က မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက နိုင်ငံသားမှတ်ပုံတင်ကတ်ပြားများကို ကာယကံရှင်များထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နှင်းရေး ခြင်စားငါး (ဒေါင်းငါး)များ ဖြန့်ဝေပေးခြင်း အခမ်းအနား ကျင်းပ
Jun 08,2025
သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နှင်းရေး ခြင်စားငါး(ဒေါင်းငါး)များ ဖြန့်ဝေပေးခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း-(အလုံ)ရှိ ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုး ရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1453
Page
1454
Page
1455
Page
1456
Current page
1457
Page
1458
Page
1459
Page
1460
Page
1461
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department