ရွှေဘိုတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ရွှေဘို ဇန်နဝါရီ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုတက္ကသိုလ်တွင် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၁၆ ရက်နေ့ ညနေ(၄)နာရီအချိန်က ရွှေဘိုတက္ကသိုလ်ရှိ အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဘော်လီဘောပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ကာယကျန်းမာရေးမြှင့်တင်ရေး၊ စုပေါင်းအဖွဲ့လိုက်လှုပ်ရှားဆောင်ရွက်နိုင်စွမ်း တိုးတက်လာစေရေးနှင့် အားကစား စိတ်ဓာတ်မြှင့်တင်ပေးရန်ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ပြိုင်ပွဲတွင် ဘာသာရပ် ပေါင်းစုံမှ အမျိုးသားအသင်း၊ အမျိုးသမီးအသင်းများ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး  ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသည့်အသင်းများအား ရွှေဘိုတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာမြယဉ်ယဉ်ငြိမ်းနှင့်တာဝန်ရှိသူများက ဆုဖလားနှင့်ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့ပြင်ပြိုင်ပွဲတစ်လျှောက်ထူးချွန်စွာ ယှဉ်ပြိုင်နိုင်ခဲ့သည့် အားကစားသမား များကိုလည်း အထူးဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါဆုချီးမြှင့်ပွဲအခမ်းအနားသို့ ရွှေဘိုတက္ကသိုလ် ဒုတိယပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာ မြယဉ်ယဉ်ငြိမ်း၊ ဌာနအသီးသီးမှ ပါမောက္ခ(ဌာနမှူး)နှင့် သင်ကြားရေးဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)