အမြို့မြို့အနယ်နယ်သတင်းများ

Jan 22,2026
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် အပိုင်း(၃)အနေဖြင့် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ ဆန္ဒမဲပေးခွင့် မဆုံးရှုံးစေရေး၊ နိုင်ငံသားတိုင်း မဲပေးနိုင်ရေးအတွက် “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်း၌ ရန်ကုန်-မန္တလေးလမ်းဘေးတစ်လျှောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Jan 22,2026
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ မြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်တွေ့ဆုံပွဲကို ဇန်နဝါရီ ၂၁ ရက်နေ့ ညနေ ၅ နာရီခွဲက မြို့နယ်မီးသတ်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်သည်။
Jan 22,2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  Community Centre ခန်းမတွင် ဇန်နဝါရီ ၂၂ ရက် မွန်းလွဲ (၃) နာရီက ကျောင်းသား/ ကျောင်းသူများအား ဘွဲကရင်ပုံပြင်ပြောပြိုင်ပွဲများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
Jan 22,2026
မြင်းခြံမြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကျင်းပပြုလုပ်မည့် မဲရုံများနှင့် မဲရုံပတ်ဝန်းကျင်အနီး နေအိမ်များ မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းအချိန်မှစတင်၍ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 22,2026
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်ပညာရေးစုံညီပွဲတော်ကို ‌ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့မဉ္ဇူသကခန်းမတွင် ကျင်းပရာ အဆိုပါအခမ်းအနားသို့ စစ်ဗျူဟာအဖွဲ့အခြေချ(ကော့သောင်း)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကိုလတ်၊ ခရိုင်နှင့်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်‌အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ထူးချွန်ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသား မိဘများ တက်ရောက်ခဲ့ကြသည်။
Jan 22,2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံပြည်သူများမှာ ဥယျာဉ်ခြံလုပ်ငန်း၊ တောင်ယာလုပ်ငန်းအပြင် မိသားစုစားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိစေရန် တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းအနေဖြင့် ဒေသဝက်များကို မွေးမြူလျက်ရှိနေကြောင်း သိရသည်။
Jan 22,2026
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ဆင်ဖြူပြင်ရပ်ကွက်ရှိ ဆင်ဖြူပြင်ဆိပ်ခံတံတားနှင့်တွဲလျက်ထားရှိသော သင်္ဘောဆိုက်ကပ်ဘောသည်နှစ်ကာလကြာမြင့်လာသဖြင့် ယနေ့နံနက် ၉ နာရီ ၁၅ မိနစ်ကရေဝင်နစ်မြုပ်သွားခဲ့ကြောင်းသိရသည်။
Jan 22,2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိဒေသခံများမှာ နှစ်တို/နှစ်ရှည် သီးနှံပင်အမျိုးမျိုးကို စိုက်ပျိုးလျက်ရှိကြရာ မိသားစုစားသုံးရန်နှင့် အပိုဝင်ငွေ ရရှိစေရန်အတွက် ငှက်ပျောပင်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားကြသည်။