(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ်ဟောပြောပွဲနှင့် အသိပညာပေး နံရံကပ်စာ စောင်ပြသ

မိုင်းယန်း ဒီဇင်ဘာ ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ကျောင်းသား/ ကျောင်းသူများ လွတ်လပ်ရေးနေ့နှင့်ပတ်သက်သည့် အသိပညာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိလာစေရန်အတွက်  (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ်ဟောပြောပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်ပြပွဲကို ဒီဇင်ဘာ ၉ ရက် နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌  ကျင်းပသည်။

အဆိုပါဟောပြောပွဲတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဦးခွန်ရဲထွေးက ကျောင်းသား/ ကျောင်းသူများအား နေ့ထူးနေ့မြတ်များကို မမေ့အပ်ဘဲ အစဉ်မြဲတန်ဖိုးထားသင့်ကြောင်းနှင့်  လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းအကျဉ်းကို အသိပညာပေးရှင်းလင်း ဟောပြောခဲ့ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ကိုပြသခဲ့ရာ ကျောင်းသား/ ကျောင်းသူများက စိတ်ဝင်တစား ဖတ်ရှုလေ့လာကြကြောင်း သိရသည်။

ထွန်းထွန်းထူး