ချောင်းဆုံ ဒီဇင်ဘာ ၉
မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်အတွက် လူသွားလူလာများသည့် လမ်းဆုံလမ်းခွများ နှင့် လူစည်ကားသည့်နေရာများတွင် “သင့်ကြောင့်မီးမလောင်ပါစေနှင့်” ဆောင်ပုဒ်ပါ ဗီနိုင်းများကို ယနေ့နံနက် (၉)နာရီအချိန်က မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များက မီးဘေးသတိပေးဆိုင်းဘုတ်စိုက်ထူခဲ့ကြသည်။
ထို့နောက် မီးလောင်မှုဖြစ်ပေါ်လာပါက အရေးပေါ်ရေရရှိနိုင်သည့် နေရာများဖြစ်သည့် စည်ပင်သာယာရေးအဖွဲ့ပိုင်ဈေးများအတွင်းရှိ ရေစင်တည်ရှိနေမှု၊ ရေကန်ရေဖြည့်တင်းမှုအခြေအနေများကို မြို့နယ်မီးသတ်တပ်ဖွဲ့ ဦးစီးအရာရှိ ဦးတင်လင်းဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဈေးခေါင်း ဦးဇော်ဝင်းနှင့် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက စစ်ဆေးခဲ့ကြကြောင်းသိသည်။
ချောင်းဆုံ(ပြန်/ဆက်)