စစ်ကိုင်းမြို့တွင် ဆောင်းနေကြာအထွက်နှုန်း တိုးတက်မြင့်မားရေး နည်းပညာပေးသင်တန်းဖွင့်

စစ်ကိုင်း  ဒီဇင်ဘာ   ၉

စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ ဆောင်းနေကြာအထွက်နှုန်း တိုးတက်မြင့်မားရေး နည်းပညာပေးသင်တန်းဖွင့်ပွဲကို ဒီဇင်ဘာ(၉)ရက်၊ နံနက်ပိုင်းက ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနရုံး ရှိ မြတ်ဇေယျာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် စစ်ကိုင်းခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယခရိုင်ဦးစီးမှူးက သီးနှံမျိုးစုံ စိုက်ပျိုးရာတွင် တောင်သူအနေဖြင့် စတင်စိုက်ပျိုးချိန်မှ ရိတ်သိမ်းသည်အထိ သိသင့်/ သိထိုက်သည့် ဆောင်ရန်/ ရှောင်ရန် အချက်များကို နည်းပညာများပို့ချပေးသွားမှာဖြစ်ပြီး သဘာဝပိုးပြေးဆေး ပြုလုပ်သုံးစွဲပုံ အဆင့်ဆင့်တို့ကိုလည်း လက်တွေ့ဆောင်ရွက်ပြသပေးသွားမှာ ဖြစ်ကြောင်း၊ တက်ရောက်လာကြာသည့် တောင်သူများအနေဖြင့် စိတ်ဝင်စားစွာ လေ့လာမှတ်သားသွားကြစေလို ကြောင်းစသည်ဖြင့် ပြောကြားကာ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယ တိုင်းဒေသ ကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများက သင်တန်းအားပို့ချပေးပြီး သဘာဝပိုးပြေးဆေး ပြုလုပ်ပုံအဆင့် ဆင့်နှင့် အသုံးပြုပုံများကို လက်တွေ့ပြသပေးခဲ့ကြသည်။

စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် တောင်သူများအား သီးနှံမျိုးစုံစိုက်ပျိုးရာတွင် အထွက်နှုန်းတိုးတက်မြင့်မားစေရေးအတွက် တိုက်နယ်များအလိုက် ကွင်းဆင်း၍လည်းကောင်း၊ ဝန်ထမ်း/ တောင်သူ နည်းပညာပြန့်ပွားရေးအတွက် သင်တန်းများဖွင့်လှစ် ဆောင်ရွက်ပေးလျှက်ရှိ ကြောင်း၊ ယခုသင်တန်းဖွင့်ပွဲသို့ တိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယတိုင်း ဒေသကြီးဦးစီးမှူး နှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ ကျေးရွာတောင်သူများ၊ ဝန်ထမ်းများ တက်ရောက်ကြပြီး သင်တန်းကို တစ်ရက်တာ စာတွေ့/ လက်တွေ့ သင်ကြားပေး သွားမှာဖြစ်ကြောင်းသိရသည်။

ဇော်မြင့်နိုင်