ဂွ ဒီဇင်ဘာလ ၉
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ FDA မှ စားသုံးရန်မသင့်ဟု ထုတ်ပြန်ထားသည့် အစားအသောက်များနှင့် ပတ်သက်၍ အသိပညာပေး (Talk Show) ကို ယမန်နေ့ညနေပိုင်းက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က FDA မှ စားသုံးရန်မသင့်ဟု ထုတ်ပြန်ထားသည့် အစားအသောက် များနှင့် ပတ်သက်၍ သိရှိလိုသည့်အချက်များအား မေးမြန်းခဲ့ရာ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်မာမာလေးက FDA မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ ဓာတ်ခွဲ စစ်ဆေးခဲ့သော အစားအသောက်နမူနာများအနက်မှ စားသုံးရန်မသင့်ဟု စစ်ဆေးတွေ့ရှိခဲ့သည့် အစားအသောက်အမျိုးအစား (၃၉) မျိုးနှင့် ပတ်သက်၍ စစ်ဆေးတွေ့ရှိမှုများအကြောင်းကို ပြန်လည် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်