ဝမ်းတွင်းမြို့နယ်တွင် U18နှစ်အောက် မြို့နယ်အဆင့် ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲ လူရွေးပွဲကျင်းပ

ဝမ်းတွင်း ဒီဇင်ဘာ ၉

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် U18နှစ်အောက် မြို့နယ်အဆင့် ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲ လူရွေးပွဲကို ယနေ့နံနက်ပိုင်းမှစတင်၍ မြို့နယ်ကစားကွင်း တွင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ U18နှစ်အောက် မြို့နယ်အဆင့် ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲ လူရွေးပွဲကျင်းပရခြင်းနှင့်စပ်လျဥ်း၍ ကျောင်းသား၊ကျောင်းသူများ ကိုယ်ကာယကျန်းမာဖွံ့ဖြိုးစေရန်၊ ဥာဏ်ရည် ဥာဏ်သွေးများတိုးတက်မြှင့်မားစေရန်၊ အားကစားတစ်ခေတ်ဆန်းသစ်မြင့် မားလာစေ ရန်၊ အားကစားလှုပ်ရှားမှုကို အခြေခံမှစ၍ ကျယ်ကျယ်ပြန့်ပြန့်နားလည်တက်မြောက်စေရန်၊ အားကစားပြုလုပ်ခြင်းဖြင့်  ကျန်းမာရေးကောင်းကျိုးများရရှိစေမှု၊ မျိုးဆက်သစ် အားကစားသမားများပေါ်ပေါက်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ယခုလိုပြိုင်ပွဲများကျင်းပ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း မြို့နယ်လက်ထောက်ပညာရေးမှူး ဦးမြင့်နိုင်ထံမှသိရသည်။

မြို့နယ်အဆင့် U18 နှစ်အောက် မြို့နယ်အဆင့် ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲ လူရွေးပွဲသို့ မြို့နယ်အတွင်းရှိ အခြေခံညာကျောင်းကျောင်းမှ ကျောင်းသားကျောင်းသူများက ပါဝင်ယှဥ်ပြိုင်လျက်ရှိပြီး ဘောလီဘောပြိုင်ပွဲ၊ ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲများ တွင် အသင်းလိုက်ပါဝင်ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)