အမြို့မြို့အနယ်နယ်သတင်းများ

Dec 16,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် စာအုပ်ပြပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က ရေဖြူမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Center) ခန်းမတွင် ဆောင်ရွက်ခဲ့သည်။
Dec 16,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၁၁) နာရီက ကလေးသူငယ်များ အခွင့်အရေးဆုံးရှုံးမှုမရှိစေရေး ခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 16,2022
မိတ္ထီလာခရိုင်၊ မလှိုင်မြို့၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး မြို့နယ်ကြီးကြပ်ရေးအဖွဲ့ ၏ ဦးဆောင်မှုဖြင့် လူထုလှုပ်ရှားမှုအသွင်ဖြင့် လူစည်ကားရာနေရာများတွင် ယနေ့နံနက် (၈) နာရီ အချိန်က အသိပညာပေးဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Dec 16,2022
တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ (၂၀၂၂) ခုနှစ်အရ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေများ ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။
Dec 16,2022
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တပ် တောင်မြို့၌  (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့အုပ်ချုပ်ရေးမှူးနှင့်လုပ်ငန်းရှင်များ ဘောလုံးဝါသနာရှင် လူငယ်များစုပေါင်းကျင်းပသော ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေအချိန်က အမှတ်(၃) ရပ်ကွက် (အထက)ဘောလုံးအားကစားကွင်း၌ ဖွင့်ပွဲကျင်းပခဲ့ ကြောင်း သိရသည်။
Dec 16,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပခြင်းကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centreခန်းမတွင်ကျင်းပ ပြုလုပ်ခဲ့သည်။
Dec 16,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌  ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်နေ့တွင်ကျရောက်သော (၄၈) နှစ်မြောက် ရခိုင် ပြည်နယ်နေ့အားကစားပြိုင်ပွဲများနှင့် စတုဒီသာကျွေးမွေးခြင်းများကို ယမန်နေ့ ညနေပိုင်းက မြို့မ အားကစားကွင်းနှင့် သီရိမင်္ဂလာခန်းမတို့တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
Dec 16,2022
ပြည်သူများအားလုံး ဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်များ ကိုင်ဆောင်ခွင့်ရရှိနိုင်စေရန် ရည်ရွယ်ချက်ဖြင့် “ပန်းခင်း” စီမံချက်အဆင့်(၂)ကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ အကောင်အထည်ဖော်​​ဆောင်ရွက်ပေးလျက်ရှိရာ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် ယနေ့နံနက် ၁၀ နာရီ အချိန်က  ပြည်သူများထံသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။