အမြို့မြို့အနယ်နယ်သတင်းများ

Dec 16,2022
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ကာယစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပ ပြုလုပ် ခဲ့ကြကြောင်း သိရသည်။
Dec 16,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (ကျောက်ပန်းတောင်း) တို့ပူးပေါင်း၍ လူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန် အတွက်ပြုလုပ်သည့် လူငယ်စကားဝိုင်းကို၊ ယမန်နေ့နံနက် (၁၀) နာရီ က အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းစုဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 16,2022
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၏ ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် မြန်မာအလုပ်သမားများ စေလွှတ်ရေး လုပ်ငန်းစဉ်အရ ယမန်နေ့မွန်းလွဲပိုင်းက ကော့သောင်းနယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာ အလုပ်သမား (၇၉) ဦး ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် အလုပ်လုပ်ကိုင်ရန် ထွက်ခွာသွားကြောင်း သိရသည်။
Dec 16,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့အချိန်က ကွမ်းခြံကုန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမ၌ ကျင်းပသည်။
Dec 16,2022
လူသားချင်းစာနာထောက်ထားပြီး ဂရုဏာထားရှိစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ကြက်ခြေနီအသင်းခွဲရုံးမှ ကြက်ခြေနီအကြောင်းသိကောင်းစရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီ အ.ထ.က(၂)ကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
Dec 16,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ရွာတော်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ အမှတ် -၂၁ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်နှင့် အနာဂတ်လှုပ်ရှားမှုအဖြစ် Young & Future အဖွဲ့မှ ဦးဆောင်၍ ဆံသဆရာ/ ဆရာမများဖြင့် ကျောင်းသား/ ကျောင်းသူများအား အခမဲ့ခေါင်းလျှော်ပေးခြင်း၊ ဆံပင်ညှပ်ပေးခြင်းများကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 16,2022
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံး၌ ယမန်နေ့မွန်းလွဲ ၂ နာရီက ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်၊ အိုးဘိုကျွန်းကျေးရွာအုပ်စု၊ ရွှေသောင်ပိုင်းတွင် ဖြစ်ပွားခဲ့သောမီးဘေးသင့်နေအိမ်(၃)လုံးမှ မိသားစုများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။
Dec 16,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကြက်မောက်တောင်ဆည်ပတ်ဝန်းကျင် ရွာများဖြစ်ကြသည့် လက်ပံ့အိုက်၊ လဲဂွ၊ ကုန်းတဲ၊ ဆပ်ပြာကျင်း၊ ညောင်ဖြူပင်၊ မုန်ကုန်း၊ ညောင်ချိုင်းတောင်၊ ညောင်ချိုင်းမြောက်စသည့်ကျေးရွာများသည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်လျက်ရှိရာ ယခုအခါသီတင်းကျွတ်အချိန်က စတင်ပျိုးထောင်ထားသည့် ကြက်သွန်ပျိုးပင်များကို မိမိတို့စိုက်ရန်သက်မှတ်ထားသောမြေကွက်များသို့ ရွှေ့ပြောင်းစိုက်ပျိုးနေပြီဖြစ်ကြောင်း သိရသည်။