ရေဖြူ ဒီဇင်ဘာ ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် စာအုပ်ပြပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က ရေဖြူမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Center) ခန်းမတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါတွင် ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြူဖြူရှိန်က ကျောင်းသား/သူများ၏ ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံဖွံ့ဖြိုးတိုတက်လာစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်ပြီး ဗဟုသုတရရှိစေရန်၊ အနာဂတ်တွင်ထွန်းတောက်သော လူငယ်၊ လူရွယ်များဖြစ်ပေါ်လာစေရန်၊ အသိပညာတိုးပွားလာစေရန်၊ မြန်မာ့သမိုင်းကိုသိရှိနေစေရန်ရည်ရွယ်၍ ယခုလို ဟောပြောပွဲနှင့်စာအုပ်ပြပွဲများ ပြုလုပ်ရခြင်းဖြစ်ကြောင်းရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ ရေဖြူမြို့၊ အ-ထ-ကရေဖြူကျောင်းမှ ကျောင်းသား/သူ (၅၀)ဦးတို့စိတ်ပါဝင်စားစွာ တက်ရောက်ကြကြောင်းသိရသည်။
ခတ္တာ